ဂျူဗင်တပ်စ်သည် ဇူလိုင် ၂၆ ရက် က စီးရီးအေပွဲစဉ် (၃၆) အဖြစ် အိမ် ကွင်း၌ ဆမ်ဒိုးရီးယားကို လက်ခံကစား ခဲ့ရာ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ၈၃ မှတ်ဖြင့် ဒုတိယနေရာမှ အင်တာ မီလန်ကို ခုနစ်မှတ်ဖြတ်ကာ ၂ဝ၁၉-၂ဝ စကူဒက်တိုချန်ပီယံဆု ဆွတ်ခူး ခဲ့ရာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံဆုကို ကိုးနှစ်ဆက် ရရှိခဲ့သည်။
ဂျူဗင်တပ်စ်သည် ဘောလုံးပိုင်ဆိုင် မှုအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမပိုင်း ပြီးလုချိန်တွင် အဖွင့်ဂိုးရခဲ့သည်။ ပီဂျာနစ်က အလွတ်တည်ကန်ဘောကို စီရိုနယ်ဒိုထံ အသာအယာပေးခဲ့ရာ ပေါ်တူဂီတိုက်စစ်မှူးက အမှားအယွင်း မရှိ သွင်းယူခဲ့သည်။ ဂျူဗင်တပ်စ် အတွက် ဒုတိယဂိုးကို ဘာနာဒက်ချီက ၆၇ မိနစ်တွင် သွင်းယူခဲ့ပြီး နှစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ် သည် ၃၆ ပွဲကစားအပြီး ၂၆ ပွဲနိုင် ၊ ငါးပွဲ သရေ၊ ငါးပွဲရှုံးနိမ့်ကာ ရာသီ မကုန်ခင် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ ခြင်းဖြစ်သည်။
ယခုနှစ်တွင်လည်း စကူဒက်တို ချန်ပီယံဆုကို အီတလီလူမျိုးနည်းပြ ဖြစ်သည့် ဆာရီက ဂျူဗင်တပ်စ်နှင့်အတူ ကိုင်မြှောက်နိုင်ခဲ့ရာ ချန်ပီယံဆုကို အီတလီလူမျိုးနည်းပြများကသာ ၁ဝ နှစ်ဆက်တိုက် ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသား နည်းပြတစ်ဦး အနေဖြင့် စကူဒက်တိုချန်ပီယံဆုကို နောက်ဆုံးရခဲ့သူမှာ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုဖြစ်ပြီး ၂ဝဝ၉-၁ဝ ဘောလုံးရာသီက အင်တာမီလန် နှင့် ဆုရခဲ့ခြင်း ဖြစ်သည်။
၂ဝ၁ဝ-၁၁ ရာသီ၌ နည်းပြအယ်လီဂရီက အေစီမီ လန်နှင့်ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဂျုဗင် တပ်စ်အသင်း ကိုးနှစ် ဆက်တိုက်ဆုရ ခဲ့ရာ အီတလီလူမျိုးနည်းပြများဖြစ် သည့် ကွန်တီ၊ အယ်လီဂရီနှင့်ဆာရီတို့ ဆုရရှိခဲ့သည်။ နည်းပြဆာရီသည် အသက် (၆၁) နှစ် ခြောက်လဖြင့် စီးရီးအေသမိုင်းတစ်လျှောက် စကူဒက် တိုဆုကို အသက်အကြီးဆုံး ကိုင် မြှောက်နိုင်သော နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။















