စမ်းသပ်ဆဲကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အကြီးအကဲပြော

စမ်းသပ်ဆဲကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အကြီးအကဲပြော

COVID-19 ကာကွယ်ဆေးတစ်မျိုးအား အတည်ပြုနိုင်သည့်အချိန်တွင် အများပြည်သူ လက်ခံယုံကြည်လာကာ ထိုးနှံလာရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် ၎င်းကိုယ်တိုင်သည် စမ်းသပ်ဆဲကာကွယ်ဆေးတစ်မျိုးကို ထိုးနှံခဲ့ကြောင်း တရုတ်၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အကြီးအကဲ ကောက်ဖူက ပြောဆိုခဲ့သည်။

"ထိန်ချန်ထားတဲ့ကိစ္စတစ်ခု ကျွန်တော်ပြောပြရတော့မယ်။ ကျွန်တော် ကာကွယ်ဆေး တစ်မျိုး ထိုးကြည့်ခဲ့ပါတယ်။ အဲဒါက အလုပ်ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ကောက်ဖူက တရုတ်အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီး Alibaba ၏ လုပ်ငန်းခွဲ Alibaba Health က ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲ၌ ဇူလိုင် ၂၆ ရက်တွင် ပြောဆိုခဲ့သည်။

မတ်လတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုသည် ဝန်ထမ်းများအား စမ်းသပ်ဆဲ ကာကွယ်ဆေးများကို ဝန်ထမ်းများအား ထိုးနှံပေးခဲ့ကြောင်း အေပီသတင်းဌာနက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

လူသား၌ စမ်းသပ်ရန် အစိုးရက ခွင့်မပြုမီတွင် ထိုးနှံခြင်းဖြစ်သောကြောင့် ကိုယ်ကျင့်တရားပိုင်းအရ မေးခွန်းထုတ်စရာများရှိခဲ့သည်။ သို့သော် ကာကွယ်ဆေးကို မည်သည့်အချိန်နှင့် မည်ကဲ့သို့ ထိုးနှံခဲ့သည်နှင့် အစိုးရ၏ ခွင့်ပြုချက်အရ လူသားတွင် စမ်းသပ်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်မဖြစ်ကိုမူ ကောက်က ရှင်းလင်းပြောဆိုခြင်းမပြုခဲ့ချေ။