စီးရီးအေပွဲစဉ်ဇယားရေးဆွဲထားမှုမှာ လက်ခံနိုင်စရာမရှိဟု ယုံကြည်နေသော ဂျူဗင်တပ်စ်နည်းပြဆာရီက ၎င်းတို့အသင်း မှာ ၁၂ ရက်အတွင်း ငါးပွဲကစားရဟု ကက် ဂလီယာရီအား နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲ အပြီး ဝေဖန်ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်သည် ဇူလိုင် ၂၇ ရက်က ဆမ်ဒိုးရီးယားအား နှစ်ဂိုးပြတ်အနိုင်ရခဲ့ သောကြောင့် စကူဒက်တိုချန်ပီယံဆုကို ကိုးနှစ်ဆက် ပိုင်ဆိုင်ခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက်က ကက်ဂလီယာရီကွင်း၌ကစား ခဲ့ရာ ရှုံးပွဲကြုံခဲ့ရသည်။ ဂျူဗင်တပ်စ်တိုက် စစ်ကို စီရိုနယ်ဒိုဦးဆောင်ခဲ့သော်လည်း ပထမပိုင်း၌ပင် နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။
အဝေးကွင်းရှုံးပွဲကြောင့် ဂျူဗင်တပ်စ် သည် COVID-19 ကာလ ပြန်စခဲ့သည့် စီးရီးအေတွင် ရှုံးပွဲသုံးပွဲရှိလာခဲ့သည်။ ထို့ အပြင် ဂျူဗင်တပ်စ်သည် နောက်ဆုံး ၁၁ ပွဲကစားခဲ့ရာ ခြောက်ပွဲသာအနိုင်ရခဲ့ပြီး ပွဲဆက်ခြေမမှန်ခဲ့ပေ။
ဂျူဗင်တပ်စ်နည်းပြဆာရီသည် ကက် ဂလီယာရီအား ရှုံးနိမ့်ခဲ့ပြီးနောက် အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုနှင့် ကစားသမားများ ဘက်မှ ကာကွယ်ပြောကြားခဲ့ရာ ပွဲဆက် များနေမှုအပေါ် ဝေဖန်ခဲ့သည်။
နည်းပြ ဆာရီက ''ပြဿနာကတော့ ဥရောပမှာ ၁၂ ရက်အတွင်း ငါးပွဲကစားရတာက ကျွန် တော်တို့တစ်သင်းထဲ ဖြစ်နေတာပါ။ မနက် ဖြန်ကြရင် အခြေအနေစောင့်ကြည့်ရဦးမယ်။ ဒီတစ်ပတ်ရိုးမားနဲ့ကစားမယ့်ပွဲမှာ ယူ-၂၃ အသင်းကိုသုံးရမလားပေါ့။ ဒါမှလည်း အသင်းကြီးကကစားသမားတွေ အနားရ မှာပါ။ ကက်ဂလီယာရီနဲ့ပွဲမှာဆိုရင် တော် တော်များများမကစားနိုင်ခဲ့ဘူး။ ကိုးယောက် လောက်က ဒဏ်ရာကြောင့် အိမ်မှာနားနေ ရတယ်။ ဒီပုံစံနဲ့ဆိုရင် လိုင်ယွန်ပွဲအတွက် စိုးရိမ်မိတယ်။ ဘယ်သူတွေ ဒဏ်ရာက ပြန်ကောင်းလာမလဲဆိုတာ တစ်ချက်ကြည့် ရမယ်''ဟု ပြောကြားခဲ့သည်။
သြဂုတ် ၂ ရက်၌ ရိုးမားနှင့်ကစားမည့် ပွဲမှာ ဂျူဗင်တပ်စ်အတွက် ၁၂ ရက်အတွင်း ငါးပွဲမြောက်ဖြစ်ပြီး ယင်းပွဲပြီးပါက သြဂုတ် ၈ ရက်တွင် လိုင်ယွန်နှင့်တွေ့ဆုံနေသည်။















