TrueMoney Myanmar ၏ Managing Director အသစ် ခန့်အပ်

TrueMoney Myanmar ၏ Managing Director အသစ် ခန့်အပ်

TrueMoney သည် ဒေါ်ကြည်သာရိုမန်နက်အား TrueMoney Myanmar ၏ Managing Director အဖြစ် ခန့်အပ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

ဒေါ်ကြည်သာသည် ပြင်သစ်၊ မလေးရှားနှင့် မြန်မာနိုင်ငံရှိ ထိပ်တန်းအဖွဲ့အစည်းကြီးများတွင် ဘဏ္ဏာရေးနှင့် နည်းဗျူဟာ ရေးဆွဲခြင်းကဏ္ဍများ၌ ၁၅ နှစ်ကျော် လုပ်သက်အတွေ့အကြုံ ရှိပြီးဖြစ်သည်။ TrueMoney နှင့် လက်မတွဲမှီ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဒေသခံ လုပ်ငန်းစုကြီးတစ်ခုတွင် Financial Controller ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ္ဍာရေးစိစစ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများအား ပိုမိုကောင်းမွန်လာစေရန် ပြန်လည် မွမ်းမံဖွဲ့စည်းတည်ဆောက် ပေးခဲ့သည်။ ထို့အပြင် သူမသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ NGO အား အခြေခံမှ စ၍ တည်ထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ထိပ် တန်း ဂျပန်ကုမ္ပဏီနှင့် တွဲဖက်လုပ်ဆောင်နေသော ဆေးဘက် ဆိုင်ရာ ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင်လည်း CFO ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် TrueMoney သည် ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက် အသစ်တီထွင်ထားသော နည်းပညာကို အသုံးပြု၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံအနှံ့တွင် အေးဂျင့်ပေါင်း ၂၀,၀၀၀ ကျော် နှင့်အတူ TrueMoney သည် သုံးစွဲသူများကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ ငွေဖြည့်ဝန်ဆောင်မှုများ၊ ဘေလ်ပေးချေမှုများနှင့် ငွေလွှဲဝန်ဆောင်မှုများကို ရရှိစေရန်ဝန်ဆောင်မှုပေးလျှက်ရှိသည်။

“အသင်းအဖွဲ့တစ်ခုအနေနဲ့ ကျွန်မတို့က မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စိတ်ချယုံကြည်ရပြီး စိတ်ကြိုက် ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပေးအပ်ပြီး သုံးစွဲသူ သန်းပေါင်းများစွာနဲ့ မိတ်ဖက်ကုမ္ပဏီများကို တိုးချဲ့ပေးသွားနိုင်ဖို့ အဆက်မပြတ် ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ TrueMoney အနေနဲ့ Covid-19 အခြေအနေမှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြည်ပက နေ ပြည်တွင်းကို ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရတဲ့အခါ ပြည်သူလူထုအတွက် အသက်သာဆုံး ဝန်ဆောင်မှုကို ရွေးချယ်နိုင်စေရမယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။” ဟု ဒေါ်ကြည်သာက ပြောကြားခဲ့သည်။

TrueMoney ၏ ရည်မှန်းချက်ကို ဖော်ဆောင်ခြင်းအားဖြင့် ကုမ္ပဏီသည် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေသက်သာစေသော ပြည်တွင်းငွေလွှဲနှုန်းအား လျှော့ချပေးသည့် “တန်ချက်က လန်ထွက်” အစီအစဉ်အား မကြာသေးမီက ကြေညာခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုမှတစ်ဆင့် TrueMoney သည် ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု ဈေးကွက်တွင် ၃၀ ရာခိုင်နှုန်းပိုမိုသက်သာစေခြင်းဖြင့် ကပ်ရောဂါအချိန်ကာလတွင် သုံးစွဲသူများကို အကျိုးကျေးဇူးများ ရရှိစေရန်ဆောင်ရွက်နေသည်ဟုဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး