လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းလ်သည် ဇူလိုင် ၂၉ ရက်က ဘရက်ရှားအား နှစ်ဂိုးပြတ်အနိုင်ရခဲ့သောပွဲတွင် ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် ¤င်း၏လိဂ်သွင်းဂိုး ၃၅ ဂိုး ပြည့်လာရာ ယခုနှစ်ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု ကို ဆွတ်ခူးရန်အခွင့်သာလာကြောင်း သိရသည်။
အသက် (၃ဝ)အရွယ် တိုက်စစ်မှူးအင်မိုဘိုင်းလ်သည် ဘရက်ရှားပွဲ၌ ၈၂ မိနစ်တွင် ကော်ရီရာ၏ပေးပို့မှုမှတစ်ဆင့် ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့ ညာခြေဖြင့် ဂိုး၏ဘယ်ဘက်ထောင့်သို့ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အင်မိုဘိုင်းလ်သည် စီးရီးအေ နှစ်ပွဲဆက် လေးဂိုးသွင်းယူခဲ့၍ စီးရီးအေသွင်းဂိုး ၃၅ ဂိုး ထိရှိလာပြီး ဥရောပဂိုးသွင်းအများဆုံးစာရင်း၌ ဘိုင်ယန် မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ဂျုဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုမှာ ကက်ဂလီယာရီ အား ရှုံးနိမ့်ခဲ့သောပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ၄င်း၏စီးရီးအေ သွင်းဂိုးမှာ ၃၁ ဂိုးရှိနေသည်။ အင်မိုဘိုင်းလ်သည် အာဂျင် တီးနားတိုက်စစ်မှူး ဟီဂူအင်၏ တစ်ရာသီအတွင်း စီးရီးအေ သွင်းဂိုးအများဆုံးစံချိန်ကိုလိုက်မီရန် တစ်ဂိုးသာလိုအပ်နေသည်။
ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်သည် နာပိုလီ၌ ကစားခဲ့စဉ် ၂ဝ၁၅--၁၆ ရာသီက စံချိန်တင်ထားခြင်းဖြစ် သည်။ ယမန်နှစ်က ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ် ဆုကို ပိုင်ဆိုင်ခဲ့သော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ယခုနှစ်လာလီဂါ ၂၅ ဂိုးသာသွင်းယူနိုင်ခဲ့သည်။
အင်မိုဘိုင်းလ်သည် ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ် ဆုကိုဆွတ်ခူးခဲ့ပါက ၄င်း၏ပရိုဘဝ၌ ပထမဆုံးအကြိမ်ရရှိ ခြင်းလည်းဖြစ်သည်။ အင်မိုဘိုင်းလ်သည် ယခုနှစ်စီးရီးအေ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ဆုရ ခဲ့ပါက ၎င်းအတွက် တတိယအကြိမ်မြောက် စီးရီးအေဂိုးသွင်းအများဆုံးဆုဖြစ်လာမည်ဖြစ်သည်။















