မီလန်အသင်းများအတွက် စီးရီးအေဂိုး ၅ဝ စီ မိုဗစ်သွင်းနိုင်
အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ဆမ်ဒိုးရီးယားအား လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသောပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာ အေစီမီလန်ကစားသမားဘဝ စီးရီးအေ ၅၁ ဂိုးပြည့်လာခဲ့ပြီးနောက် စံချိန်တစ်ခုပိုင်ဆိုင်လာကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
မိုဗစ်သည် အယ်လ်အေဂလက်စီမှ အေစီမီလန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် စီးရီးအေ ၁၇ ပွဲတွင် ကိုးဂိုးသွင်းယူထားသည်။ ၄င်းသည် အေစီမီလန်၌ ပထမအကြိမ် ကစားခဲ့စဉ် စီးရီးအေ ၄၂ ဂိုးရယူခဲ့သည်။
မိုဗစ်ရရှိခဲ့သောစံချိန်တစ်ခုမှာ မီလန်အခြေစိုက် အသင်းနှစ်သင်းစလုံးအတွက် ရာစုနှစ်ဝက်အတွင်း စီးရီးအေဂိုး ၅ဝ စီသွင်းယူနိုင်သော ပထမဆုံးကစားသမားစံချိန် ဖြစ်သည်။ မိုဗစ်သည် အင်တာမီလန်၌ကစားခဲ့စဉ် စီးရီးအေ ၈၈ ပွဲ၌ ၅၇ ဂိုးသွင်းယူနိုင် ခဲ့ကြောင်း သိရသည်။















