တရုတ်၌ ဇူလိုင် ၃၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂၇ ဦးရှိခဲ့

တရုတ်၌ ဇူလိုင် ၃၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂၇ ဦးရှိခဲ့

တရုတ်နိုင်ငံ၌ ဇူလိုင် ၃၀ ရက်၌ COVID-19 ကူးစက်သူသစ် ၁၂၇ ဦး ရှိခဲ့ပြီး ဇူလိုင် ၂၉ တွင်ရှိခဲ့သည့် ၁၀၅ ဦး မှတိုးလာခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၃၁ ရက်တွင် ပြောဆိုခဲ့သည်။
ယခု ကူးစက်သူသစ်ဦးရေသည် မတ်လ ၅ ရက်မှစ၍ တစ်ရက်အတွင်း ကူးစက်သူအများဆုံးရှိခဲ့ခြင်းဖြစ်သည်။ 

ဇူလိုင် ၃၀ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၁၁၂ ဦးမှာ ရှင်ကျန်းပြည်နယ်မှ ဖြစ်ပြီး ဇူလိုင် ၂၉ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ် ၉၆ ဦး မှ တိုးလာခြင်းဖြစ်သည်။ အခြား ၁၁ ဦးမှာ လျောင်နင်းပြည်နယ်မှ ဖြစ်ပြီး ဇူလိုင် ၂၉ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ် ငါးဦးမှ တိုးလာခြင်းဖြစ်သည်။

ဇူလိုင် ၃၀ ရက်တွင် ပြည်ပတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် တရုတ်သို့ရောက်ရှိလာသူသစ် လေးဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းသည် ဇူလိုင် ၂၉ ရက်တွင်ရှိခဲ့သည့် သုံးဦးမှ တိုးလာခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက်တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ ၁၁ ဦးရှိခဲ့ကာ ဇူလိုင် ၂၉ ရက်တွင်မူ ယင်းကဲ့သို့ လူနာ ၂၁ ဦးရှိခဲ့သည်။

ဇူလိုင် ၃၀ ရက်အထိ တရုတ်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၈၄၂၉၂ ဦးရှိနေပြီဖြစ်သည်။ တရုတ် ဆေးဝါးကုမ္ပဏီများဖြစ်သော Sinopharm နှင့် ဘရာဇီးရှိ ပရာနာပြည်နယ်တို့သည် COVID-19 ကာကွယ်ဆေးစမ်းသပ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။

ဘရာဇီးနိုင်ငံ ပါရာနာနည်းပညာအင်စတီကျု (Tecpar) ၏ အကြီးအကဲ ဟော့ဟဲ ကယ်လာဒိုက ၎င်းတို့၏ အဆိုပြုမှုကို မကြာမီတွင် နောက်ဆုံးအဆင့် ဆုံးဖြတ်ပြီး ခွင့်ပြုမိန့် အတွက်လည်း ဘရာဇီးကျန်းမာရေးစည်းမျဉ်းဌာန Anvisa သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး