COVID-19 ဖြင့်သေဆုံးသူဦးရေတွင် မက္ကဆီကိုက ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ

COVID-19 ဖြင့်သေဆုံးသူဦးရေတွင် မက္ကဆီကိုက ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်လာ

မက္ကဆီကိုနိုင်ငံသည် ဇူလိုင် ၃၁ ရက်တွင် COVID-19 ဖြင့် သေဆုံးသူဦးရေတွင် ဗြိတိန်ကိုကျော်တက်ပြီး ကမ္ဘာပေါ်တွင် တတိယလူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာပြီဖြစ်သည်။

မက္ကဆီကိုသည် အမေရိကန်ပြည်ထောင်စုနှင့်ဘရာဇီးပြီးနောက် COVID-19  ဖြင့်သေဆုံးသူ တတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်။

မက္ကဆီကို၌ COVID-19 ဖြင့်သေဆုံးသူ ၄၆၆၈၈ ဦးနှင့် ကူးစက်သူ ၄၂၄၆၃၇ ဦးရှိနေပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၁၅၂၀၀၀ နှင့် ဘရာဇီး၌ COVID-19 ဖြင့်သေဆုံးသူ ၉၁၀၀၀ ကျော်ရှိနေသည်။

ဗြိတိန်၌ COVID-19 ဖြင့်သေဆုံးသူ ၄၆၂၀၄ ဦးနှင့် ကူးစက်သူ ၃၀၄၇၉၃ ဦးရှိနေသည်။