Mitsubishi Motors မှ မြန်မာနိုင်ငံသို့ တရားဝင်ဖြန့်ချိရောင်းချလျက်ရှိသည့် MM Cars Myanmar Ltd. မှ Mitsubishi Motors ၏ မော်ဒယ်အသစ်ဖြစ်သေ XPANDER 2020 နှင့် Pajero Sport 2020 (pre-order Launch) တို့ကို ဇူလိုင် ၂၆ ရက်တွင် ဈေးကွက်အတွင်း စတင် မိတ်ဆက်ခဲ့သည်။
MM Cars Myanmar Ltd. သည် လက်ရှိဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါအခြေအနေကို ထည့်သွင်းစဉ်းစားပြီး ကားမော်ဒယ်သစ်များ မိတ်ဆက်ခြင်းအခမ်းအနားကို Online မှ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့်သာ ကျင်းပခဲ့သည်။
XPANDERမော်ဒယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းကပင် အချို့အာဆီယံဈေးကွက်များတွင် စတင်မိတ်ဆက်ခဲ့ပြီး အအောင်မြင်ဆုံး မော်ဒယ်များအနက်မှ တစ်ခုဖြစ်ခဲ့သည်။ မျိုးဆက်သစ် crossover MPV XPANDER သည် ဆီစားသက်သာပြီး လူအများကြီးဆံ့ရုံသာမက တန်ဆာပစ္စည်း အများအပြားလည်း တင်ဆောင်နိုင်သည်။
XPANDER 2020 မော်ဒယ်သည် အပြင်ပန်းဒီဇိုင်းအနေဖြင့် ရှေ့ရှဲလ်ဒီဇိုင်း၊ ငါးမန်းတောင်ပုံစံ အင်တင်နာနှင့် ၁၆ လက်မရှိသည့် အလွိုင်းဘီးဒီဇိုင်းတို့ကို အသစ်အနေဖြင့် ပြောင်းလဲထားသည်။
XPANDER 2020 မော်ဒယ်သစ်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၆,၇၀ဝ ဖြစ်ပြီး ကီလိုမီတာ တစ်သိန်း သို့မဟုတ် သုံးနှစ်အာမခံ ပေးထားသည်။ အရောင်အားဖြင့် Sterling Silver Metallicç Quartz White Pearlç Jet Black Micaç Graphite Gray Metallic နှင့် Metallic Red စသည်တို့ ရှိပြီး ဝယ်သူများ စိတ်ကြိုက်ရွေးချယ်နိုင်သည်။
Pajero Sport 2020 သည် ဇိမ်ခံကား အမျိုးအစားဖြစ်ပြီး အတွင်းပိုင်း အပြင်အဆင်ကို အဆင့်မြှင့်ထားသည့်အပြင် ခက်ခဲကြမ်းတမ်းသောလမ်းများ၌ မောင်းနှင်နိုင်သည့် လမ်းကြမ်းမောင်း On/Off road SUVအမျိုးအစား ဖြစ်သည်။
Pajero Sport 2020 ပုံစံသည် မြေပြင်မှ သက်ရောက်မှုများကို လျော့ပါးစေရန် ground clearance မြင့်မားသော အင်္ဂါရပ်မျိုးရှိပြီး လမ်းကြမ်းအခြေ အနေမျိုး၌ပင် အဆင်ပြေစွာ မောင်းနှင်နိုင်သော အမျိုးအစားဖြစ်သည်။ ဒီဇိုင်းအနေဖြင့် Pajero Sport ၏ အသွင် အပြင်ကို ယခင်မော်ဒယ်များမှ အဆင့် မြှင့်တင်ထားသည်။ ၎င်း၏အသွင် အပြင်သည် Mitsubishi ကားများ၏ ဒီဇိုင်းအမှတ်အသားဖြစ်သည့် "Dynamic Shield" ၏ အဓိပ္ပာယ် ပိုမို ထင်ရှားစေပြီး Pajero Sport 2020 မော်ဒယ်မှာ မြန်မာနိုင်ငံရှိ Mitsubishi ချစ်သူများကို အကောင်းဆုံးအရည် အသွေးရှိသော လူနေမှုဘဝပုံစံကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
Pajero Sport 2020 ကို အမေရိကန်ဒေါ်လာ ၆၃,၈၀ဝ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကီလိုမီတာ တစ်သိန်း သို့မဟုတ် သုံးနှစ်အာမခံ ရရှိမည်ဖြစ်သည်။
MM Cars Myanmar သည် အွန်လိုင်းဝန်ဆောင်မှုများ စတင်လုပ်ဆောင်နေပြီး ဝန်ဆောင်မှုအသစ်များနှင့်အတူ ဝယ်သူများအနေဖြင့် Mitsubishi ကားများ ဝယ်ယူရန် အွန်လိုင်း ဝန်ဆောင်မှု ရက်ချိန်းများကို Facebook စာမျက်နှာ နှင့် Mitsubishi Motors Myanmar website မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။ အရောင်းစင်တာများကို ဆက်သွယ်လိုလျှင်လည်း ရန်ကုန်ဖုန်း ဝ၉-၂၆၀၉၀၂၉၄၃၊ မန္တလေး ဝ၉-၄၅၆၀ဝ၅၅၇၃ နှင့် တောင်ကြီး ဝ၉-၅၂၁၂၅၁၄ တို့ကို ဆက်သွယ်နိုင်မည်ဖြစ်သည်။

















