အသက်မပြည့်သူ မိန်းကလေးကို ရည်းစားက အဆောင်ခြံစည်းရိုးကျော်၍ သားမယားအဖြစ်ပြုကျင့်

အသက်မပြည့်သူ မိန်းကလေးကို ရည်းစားက အဆောင်ခြံစည်းရိုးကျော်၍ သားမယားအဖြစ်ပြုကျင့်

လှိုင်သာယာမြို့နယ်တွင်  အသက်မပြည့်သူ မိန်းကလေးကို ရည်းစားက အဆောင်ခြံစည်းရိုးကျော်၍ သားမယားအဖြစ်ပြုကျင့်ခဲ့သည့်အမှုကို ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ်လ ၆ ရက်နေ့တွင်ရဲတပ်ဖွဲ့မှသိရသည်။  

သြဂုတ်လ ၄ ရက် နေ့လည် ၁ နာရီ အချိန်ခန့်က လေးမျက်နှာမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးသည် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်ရှိ အဆောင်တစ်ခုတွင်နေထိုင်သူ  အသက် ၁၅ နှစ် ၈ လအရွယ် သမီးဖြစ်သူထံသို့ရောက်ရှိခဲ့သည်။

သမီးဖြစ်သူနှင့် တစ်ခန်းတည်းအတူနေ မိန်းကလေးသူငယ်ချင်းက  သမီးဖြစ်သူမှာ ရွှေလင်ဗန်းကျေးရွာနေ တိုးလေး(ခ)ဇော်ဇော်အောင်(၁၉)နှစ်နှင့် ရည်းစားဖြစ်နေကြောင်း ရပ်ကွက်ထဲတွင်ပြောနေ ကြောင်းပြောပြသိရသဖြင့် သမီးဖြစ်သူကို အကျိုးအကြောင်းမေးမြန်းခဲ့သည်။

သမီးဖြစ်သူက တိုးလေးဆိုသူနှင့်လည်းမကြာခဏတွေ့ဆုံရ၍ရင်းနှီးခဲ့ပြီး၎င်းတို့နေထိုင်သည့်အဆောင်အခန်းသို့ဝင်ထွက်လေ့ရှိကြောင်း၊တိုးလေးမှသမီးဖြစ်သူကို ရည်းစားစကားပြောဆိုခဲ့ပြီးနောက် လွန်ခဲ့သော (၁)လ ခန့်မှစ၍ ချစ်ကြိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် တိုးလေးက အဆောင်လမ်းထိပ်သို့လာရန်ခေါ်ခဲ့ရာ မလာရဲကြောင်း၊ထို့နောက် ဇူလိုင်လ ၃၁  ရက်နေ့ ည၁၁နာရီအချိန်ခန့်အိမ်သာတက်ရန်အတွက်အခန်း အတွင်းမှအိမ်သာဘက်သို့ထွက်လာစဉ်တိုးလေး(ခ)ဇော်ဇော်အောင်သည်အဆောင်အခန်းရှေ့ခြံစည်းရိုးမှခြံဝန်းအတွင်းသို့ကျော်တက်ဝင်ရောက်လာခဲ့ပြီးအဆောင်အခန်းဘေးရှိအိမ်သာထဲသို့ လက်ဆွဲခေါ်သွားခဲ့ပြီး နေမကောင်းကြောင်းပြောနေသည့်ကြားမှ သားမယားပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်အဆောင်တံခါးကိုကျော်ကာ ပြန်ထွက်သွားခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရသိရသဖြင့် တိုးလေး(ခ)ဇော်ဇော်အောင်အား အရေးယူပေးရန် သြဂုတ်လ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

လှိုင်သာယာ(အရှေ့)မြို့မရဲစခန်း(ပ)၃၉၂၄/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၃၆၃ အရအမှုဖွင့်ဖမ်းဆီး အရေးယူထားသည်ကြောင်းသိရသည်။