အင်တာမီလန် ခြေစွမ်းတိုးတက်နေဟု လူကာကူ ပြောကြား

အင်တာမီလန် ခြေစွမ်းတိုးတက်နေဟု လူကာကူ ပြောကြား

ဂီတာဖေးအား နှစ်ဂိုးပြတ်အနိုင်ရခဲ့သော ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ဒု-ကျော့တွင် အင်တာမီလန်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ က ၄င်းတို့အသင်းမှာ ခြေစွမ်းတိုးတက်နေဟု ပွဲအပြီး၌ပြောကြားခဲ့သည်။

အင်တာမီလန် သည် ဂီတာဖေးနှင့်ပွဲတွင် လူကာကူနှင့် အီရစ်ဆန်တို့၏ဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပြီးနောက် ယူရိုပါလိဂ် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

''လာမယ့်ပွဲအတွက် ကျွန်တော်စဉ်းစာပြီးပြီ။ အနိုင်ရချင်တယ်။ ဒီနေ့ပွဲရလဒ်ကို ကျေနပ်တယ်။ အသင်းက ခြေစွမ်းတိုးတက်နေတယ်။ ဒီစိတ်ဓာတ်နဲ့ရှေ့ဆက်ဖို့ အရေး ကြီးပါတယ်''ဟု လူကာကူက ဆိုသည်။

လူကာကူသည် ၂ဝ၁ဝ-၁၁ ရာသီနောက်ပိုင်း ကင်မရွန်းတိုက်စစ်မှူးဟောင်း အီတူးပြီးနောက် အင်တာမီလန်အတွက် ဂိုးအများဆုံး သွင်းနိုင်သော ပထမဆုံးအင်တာမီလန်ကစားသမားဖြစ်ကာ ဂိုး ၃ဝ သွင်းထားသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး