ချယ်လ်ဆီးသည် ချန်ပီ ယံလိဂ် ၁၆ သင်းရှုံးထွက် ဒု-ကျော့ အဖြစ် ဘိုင်ယန်မြူးနစ်နှင့်ယှဉ်ပြိုင် ရမည်ဖြစ်ရာ လက်ရှိတွင် ဒဏ်ရာရ ပွဲပယ်ကစားသမားများရှိနေ၍ နည်းပြ လမ်းပတ်မှာ ဗျာများနေပြီး လိုအပ်ပါ က အသင်းအကယ်ဒမီကစားသမား များကိုပင် အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအဓိကကစားသမား နှစ်ဦးဖြစ်သည့် မားကို့စ်အလွန်ဆိုနှင့် ဂျော်ဂျင်ဟိုတို့မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘိုင်ယန်မြူးနစ်နှင့် ပွဲကို လွဲချော်မည် ဖြစ်သည်။ ချယ်လ်ဆီးအခြားကစား သမားများဖြစ်သည့် အသင်းခေါင်းဆောင် အပီလီကျူရေတာအပါအဝင် ကွင်းလယ်လူ ပူလီဆစ်၊ ပီဒရို၊ လိုအက် ချိဒ်နှင့် လူငယ်ကစားသမား ဘီလီ ဂီလ်မော်တို့မှာ ဒဏ်ရာပြဿနာများ ရှိနေ၍ ကစားနိုင်မည်မဟုတ်ပေ။
ဂိုးလ်ကွန်၏ဖော်ပြချက်အရ ချယ်လ် ဆီးနည်းပြ လမ်းပတ်သည် အသင်း အကယ်ဒမီကစားသမားသုံးဦးဖြစ်သည့် လူးဝစ်ဘိတ်(ကွင်းလယ်လူ)၊ မက်ဆန် (ဘယ်နောက်ခံလူ)နှင့် ဆီမူ(ဗဟိုနောက် ခံလူ)တို့ကို ဘိုင်ယန်မြူးနစ်နှင့်ပွဲ၌ အသုံးပြုရန်ရှိနေကြောင်း သိရသည်။
အာဆင်နယ်အားရှုံးနိမ့်ခဲ့သည့် အက်ဖ် အေဖလားဗိုလ်လုပွဲကိုလွဲချော်ခဲ့သော ပြင်သစ်ကွင်းလယ်လူ ကန်တီမှာ ဘိုင် ယန်မြူးနစ်နှင့်ပွဲ၌ ပြန်လည်ပါဝင်ကစား ရန်ရှိနေသည်။ ချယ်လ်ဆီးအကယ် ဒမီကစားသမားများအနက် မက်ဆန်မှာ နည်းပြလမ်းပတ်လက်ထက် ယမန်နှစ် ဘောလုံးရာသီက ဂရင်စဘီနှင့် ကာရာ ဘောင်းဖလားပွဲတွင် ပါဝင်ကစားခဲ့ဖူး သည်။ ဒဏ်ရာရပွဲပယ်ကစားသမားများ ရှိနေခြင်းက ချယ်လ်ဆီးနည်းပြလမ်း ပတ်အတွက် ပွဲထုတ်ရာတွင် ပြဿနာ တစ်ရပ်ဖြစ်နေသည်။
ပထမအကျော့က သုံးဂိုးပြတ်ရှုံးနိမ့် ခဲ့သော်လည်း ချယ်လ်ဆီးအနေဖြင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းကာ ပြန်လာနိုင်မည်ဟု နောက်ခံလူဟောင်း ကာဗယ်လ်ဟိုက ယုံကြည်နေသည်။















