ယခုနှစ်ရာသီ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် ဒု-ကျော့ပွဲများကို သြဂုတ် ၆ ရက် ကယှဉ်ပြိုင်ခဲ့ရာ လေဗာကူဆင်၊ ဆီဗီလာ၊ ဝုလ်ဗာဟမ်တန်နှင့် ဘေဆယ်လ်တို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
လာလီဂါကလပ် ဆီဗီလာသည် ရိုးမား နှင့်ပွဲကို အကောင်းဆုံးပုံစံဖြင့် ချဉ်းကပ် နိုင်ခဲ့ပြီး ပထမပိုင်း၌ပင် နှစ်ဂိုးပြတ်အနိုင် ရခဲ့ကာ ကွာတားသို့တက်ရောက်ခဲ့ခြင်းဖြစ် သည်။ ဝုလ်ဗာဟမ်တန်မှာ အိုလံပီယာကို့စ် နှင့်ပွဲတွင် ပွဲချိန် ၈ မိနစ်၌ ပင်နယ်တီရရှိ ခဲ့ရာ မက္ကဆီကိုတိုက်စစ်မှူး ဂျီမီနက်ဇ်က သွင်းယူခဲ့သည်။ အိုလံပီယာကို့စ်သည် ၂၉ မိနစ်တွင် မာဒီကာမာရာကြောင့် ချေပဂိုး သွင်းနိုင်ခဲ့သော်လည်း VAR စနစ်အရ ဘောလုံးတည်ဆောက်ခဲ့ရာတွင် အယ်လ် အာရာဘီ လူကျွံနေ၍ ဂိုးမရခဲ့ပေ။
ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်မှာ ဖရန့်ဖတ်ကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး လေဗာကူဆင်မှာလည်း ရိန်းဂျားစ်ကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ ယူရိုပါ လိဂ်ကွာတားပွဲများကို သြဂုတ် ၁ဝ၊ ၁၁ ရက်၌ ကစားမည်ဖြစ်ပြီး ပွဲစဉ်အတွဲအရ ရှက်တာဒိုးနက်စ်-ဘေဆယ်လ်၊ မန်ယူ-ကိုပင် ဟေဂင်၊ အင်တာမီလန်-လေဗာကူဆင်၊ ဝုလ်-ဆီဗီလာတို့ ကစားမည်ဖြစ်သည်။
၁၉၇၂ ခုနစ်နောက်ပိုင်း ၄၈ နှစ်အတွင်း ဥရောပပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ပထမ ဆုံးအကြိမ်တက်ရောက်ခဲ့သော ဝုလ်ဗာဟမ် တန်သည် ယူရိုပါလိဂ်ဖလားငါးကြိမ်ယူထား သော ဆီဗီလာနှင့် ထိပ်တိုက်တွေ့ဆုံနေ သည်။ ဝုလ်အသင်းအတွက် ခြေစွမ်းပြခဲ့သော တိုက်စစ်မှူးဂျီမီနက်ဇ်က ဆီဗီလာနှင့်ကစား မည့်ပွဲမှာ ခက်ခဲမည်ကိုသိနားလည်ကြောင်း၊ သို့သော် စုစုစည်းစည်းဖြင့် ကစားနိုင်ပါက အောင်မြင်မှုရနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဂျီမီနက်ဇ်သည် ယခုနှစ် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် မက်ဆီ၊ အမ်ဘတ်ပီနှင့် တီမိုဝါနာတို့နှင့်အတူ ၂၇ ဂိုးသွင်းယူ၍ ဖန်တီးမှု ၁ဝ ကြိမ်ပြုလုပ်နိုင်ခဲ့သော စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ၎င်းသည် ယခုနှစ်ရာသီတွင် ဝုလ်အသင်းအတွက် ပင်နယ်တီ ရှစ်ကြိမ်စလုံး ဂိုးအဖြစ်ပြောင်း လဲနိုင်ခဲ့သည်။
ဝုလ်သည် ပြီးခဲ့သည့်တစ်နှစ်ကျော်က ယူရိုပါလိဂ် ပထမဆုံးခြေစစ်ပွဲကစားခဲ့ရာ ၁၉၇၂ ခုနှစ့်င်္နဗ ဃကစ ပြိုင်ပွဲပြီးနောက် ဥရောပပြိုင်ပွဲကွာတားသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။















