မြဝတီမြို့ သဃင်္န်းညီနောင်ကျေးရွာရှိ အ.ထ.ကကျောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံး တွေ့

မြဝတီမြို့ သဃင်္န်းညီနောင်ကျေးရွာရှိ အ.ထ.ကကျောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံး တွေ့

မြဝတီမြို့နယ်ရှိ သဃင်္န်းညီနောင် ကျေးရွာ အထက်တန်းကျောင်းအနီး ကျွန်းပင်တစ်ပင်၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မြဝတီမြို့နယ် သဃင်္န်းညီနောင်ကျေးရွာ အထက်တန်း ကျောင်းအနီး၊ သဃင်္န်းညီနောင်/ဝှေ့ရှမ်း သွား ကားလမ်းဘေးရှိ ကျွန်းပင်၏ အမြင့် ၁ဝ ပေခန့်တွင် လက်လုပ်မိုင်းဟု ယူဆရ သော အရာနှစ်ခုအား တွေ့ရှိခဲ့ခြင်းဖြစ် သည်။

သတင်းအရ အဆိုပါနေ့ ညနေ ၃ နာရီတွင် သဃင်္န်းညီနောင်နယ်မြေ ရဲစခန်း မှ နယ်ထိန်းအရာရှိ ဒုရဲအုပ်မင်းမင်းဇော် ဦးစီးအဖွဲ့၊ သဃင်္န်းညီနောင် အခြေချစစ် ဗျူဟာမှ စစ်ဦးစီးတတိယတန်း ဗိုလ်ကြီး မျိုးသက်ခန့်နှင့် ရှေ့တန်း အမှတ်(၁၃)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးအောင်စိုးမိုး၊ နယ် မြေခံ စစ်အင်ဂျင်နီယာအဖွဲ့မှ မိုင်းရှင်း တပ်မတော်သားများမှ သွားရောက် ရှင်း လင်းခဲ့ကြသည်။

လက်လုပ်မိုင်းဟုယူဆရသည့် ပစ္စည်း များမှာ အနက်ရောင် YT 199D အမျိုး အစား GSM ဖုန်းအထိုင် ခုံဟောင်းတစ်ခု (ဘက်ထရီ၊ မှတ်ဉာဏ်ကတ်-မပါ)၊ ခရမ်းရောင် CCTV ကင်မ ရာခေါင်းအဟောင်း (ပျက်)တစ်ခုတို့အား စစ်ဆေး တွေ့ရှိရသဖြင့် ဗိုလ်ကြီးမျိုးသက်ခန့် ဦးစီးအဖွဲ့က ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

''ဒီမိုင်းက ကျွန်တော်တို့ စစ်ဆေး ကြည့်ရာမှာ တကယ်ပေါက်ကွဲနိုင်တဲ့ မိုင်း မဟုတ်ဘူးဗျ။ ဒါပေမဲ့ မြင်ရတဲ့သူ အဖို့ တော့ ပေါက်ကွဲစေနိုင်တဲ့ မိုင်းဆိုပြီး ထင် နိုင်တာပေါ့။ ရည်ရွယ်ချက်ကတော့ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ပြီး လုပ်တာလို့ ယူဆရပါတယ်'' ဟု အဆိုပါဖြစ်စဉ်အား သွားရောက်ရှင်း လင်းသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး