တောင်ကိုရီးယား၌ မျိုးဗီဇပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်သစ် အမျိုးအစားတချို့တွေ့

တောင်ကိုရီးယား၌ မျိုးဗီဇပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်သစ် အမျိုးအစားတချို့တွေ့

တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်သစ်၏ မျိုးဗီဇပြောင်းလဲနေသော မျိုးဗီဇအစဉ်တန်းသုံးခုကို တွေ့ရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(KCDC) က သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်က လူသားကလာပ်စည်းထဲသို့ ဝင်ရောက်ရာတွင် အကူအညီပေးသည့် ပရိုတိန်းထဲ၌ မျိုးဗီဇပြောင်းလဲနေမှုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်မှ လာရောက်သူ နှစ်ဦးနှင့် ဥဇဘက်ကစ္စတန်မှ လာရောက်သူ တစ်ဦးတို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဌာနက ပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ သိပ္ပံဆိုင်ရာသတင်းအချက်အလက်ဘဏ် GISAID တွင် မှတ်တမ်းတင်ထားသည့် ဗိုင်းရပ်စ် မျိုးဗီဇအစဉ်တန်း ၇၈၈၁၀ ခုတို့နှင့် ကွဲပြားသော မျိုးဗီဇပြောင်းများဖြစ်ကြကြောင်း ဗဟိုဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခု မျိုးဗီဇအစဉ်တန်းများအား လက်ရှိစစ်ဆေးနေသည့် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာစစ်ဆေးမှုဖြင့် စစ်ဆေးအဖြေထုတ်နိုင်ဆဲဖြစ်သော်လည်း ကူးစက်နိုင်မှုအတိုင်းအတာကိုမူ လေ့လာရန် လိုအပ်နေဆဲဖြစ်ကြောင်း KCDC အကြီးအကဲ ဂျွန် အွန် ကျွန်းကပြောဆိုခဲ့သည်။ COVID-19 အတည်ပြုလူနာ ၇၇၆ ဦးတို့ထံမှရယူထားသည့် မျိုးဗီဇအစဉ်တန်းများအပေါ် အခြေခံပြီး လေ့လာခဲ့ခြင်းဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။