လီဗာပူးသို့ရောက်ရှိခဲ့၍ ဂုဏ်ယူကြောင်း ဂရိဘယ်နောက်ခံလူ ဆီမီကတ်စ် ပြောကြား

လီဗာပူးသို့ရောက်ရှိခဲ့၍ ဂုဏ်ယူကြောင်း ဂရိဘယ်နောက်ခံလူ ဆီမီကတ်စ် ပြောကြား

အိုလံပီယာကို့စ်မှ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာသော အသက် (၂၄)နှစ်အရွယ် ဂရိဘယ်နောက်ခံလူဆီမီကတ်စ်က ကမ္ဘာ့အင်အားကြီးကလပ်လီဗာပူးသို့ရောက်ရှိခဲ့၍ ဂုဏ်ယူမိဟု liverpoolfc.com သို့ ပြောကြားခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းတာဝန်ရှိသူများသည် ချန်ပီယံရှစ် ကလပ်နောဝှစ်ချ်မှ မြောက် အိုင်ယာလန်ဘယ်နောက်ခံလူဂျာမယ်လူးဝစ်ကို ခေါ်ယူရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ရာ ဆီမီကတ်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၁၁ ဒသမ ၇၅ သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။အရပ် ၅ပေ ၁၀ လက်မအမြင့်ရှိနောက်ခံလူ ဆီမီကတ်စ်သည် သြဂုတ် ၁၀ရက်က မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းတွင် လီဗာပူးအသင်းနှင့် ငါးနှစ်စာချုပ်တစ်ရပ် ချူပ်ဆိုနိုင် ခဲ့သည်။

ဆီမီကတ်စ်က္ဒ ကျွန်တော် ပျော်ပါတယ်။ လီဗာပူးကို ရောက်ခဲ့လို့ဂုဏ်ယူမိပါတယ်။အစွမ်းကုန် ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်။ကျွန်တော့် အတွက်တော့ လီဗာပူးအသင်းဟာ ကမ္ဘာပေါ်မှာ အင်အားကြီးမားတဲ့ကလပ်ဖြစ်ပါတယ်ြ ဟုပြောကြား ခဲ့သည်။ ဆီမီကတ်စ်သည် ဂရိလက်ရွှေးစင်အသင်း အတွက် သုံးပွဲပါဝင်ကစားထားပြီး အိုလံပီယာကို့စ် အသင်းကိုယ်စားပြု၍ လေးရာသီအတွင်း ၈၆ပွဲကစားထားသူဖြစ်သည်။ ဆီမီကတ်စ်သည် ယခုနှစ် ရာသီတွင် ၄၆ပွဲကစားခဲ့ရပြီး အိုလံပီယာကို့စ်နှင့် အတူ ဂရိစူပါလိဂ်ဖလားပိုင်ဆိုင်ခဲ့သည်။

လီဗာပူး နည်းပြကလော့ပ်က ဆီမီကတ်စ်ကိုခေါ်ယူရန် ကာလရှည်စောင့်ကြည့်ခဲ့ကြောင်း ခေါ်ယူနိုင်ခဲ့၍ ဝမ်းသာမိကြောင်း ဆိုသည်။ဆီမီကတ်စ်သည် လီဗာ ပူး၌ ကျောနံပါတ် ၂၁ ကိုဝတ်ဆင်ကစားမည်ဖြစ်ပြီး ပွဲထွက်ကစားခွင့်ရရန်စကော့တလန် ဘယ်နောက်ခံလူ ရောဘတ်ဆန်နှင့်ပြိုင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး