အဝေးပြေးခရီးသည်တင်ယာဉ်ပေါ်တွင် ငွေကျပ် ၂၇ သိန်းတန်ဖိုးရှိ ရွှေထည် နှင့်လက်ကိုင်ဖုန်း ငွေသားများ ကို အတူလိုက်ပါစီးနင်းသူက ခိုးယူသွားခဲ့သည်ဆိုမှုကို ရဲတပ်ဖွဲ့က အချိန်ပိုင်း အတွင်းဖမ်းဆီး ရမိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးနန်းလွင်စိုး မောင်းနှင်သည့် တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်ကိုကျော်ကျော်ဦး၊ (၃၇)နှစ်သည်လည်ပင်း၌ဆွဲထားသည့်သံကြိုးဆက် ရွှေကြုပ်တစ်ခုပါ(၂) ကျပ်သား ဆွဲကြိုး (၁)ကုံးကာလတန်ဘိုး ကျပ် သိန်း(၂၀)၊ လက်ကိုင်ဖုန်းတစ်လုံး ငွေကျပ် ၅ သိန်း ကျော်ခန့်ထည့်ထားသည့်အညိုရောင်ပိုက်ဆံအိတ်တစ်လုံး၊ Navi Force အမျိုးအစား (အနက်ရောင် လက်ပတ်နာရီ (၁)လုံး ကျပ် ၄သောင်းခန့် စုစုပေါင်းတန်ဖိုး ၂၇၄ဝဝဝဝ ဖိုးမှာပျောက်ဆုံးခဲ့သည်။
အဆိုပါပျောက်ဆုံးမှုနှင့်အတူ ၄င်း၏ထိုင်ခုံဘေးတွင် လိုက်ပါစီးနင်းသူ အမျိုးသားမှာလည်း မရှိတော့ ကြောင်းသိရသဖြင့်သာဂရအမြန်လမ်းမကြီးရဲစခန်းသို့သတင်းပို့တိုင်ကြားခဲ့သည်။သာဂရအမြန်လမ်းမကြီးရဲစခန်း(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရရဲစခန်းမှူးရဲအုပ် ကျော်စွာလတ်ဦးစီးသည့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ စစ်ဆေးခဲ့ရာနံနက် ၈ နာရီ ၄ဝမိနစ် အချိန်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ကိုသန့်ဇော်ဦးမောင်းနှင်လာသည့် တောင်ပြာတန်း ခရီးသည် တင်ယာဉ်ပေါ်၌ လိုက်ပါလာသူ ရွှေတောင်မြို့နေသူ တင်အေး၊ (၆၄)နှစ်၊ကို ပျောက်ဆုံးခဲ့သည့်သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီးဆက်လက် အရေးယူထားကြောင်းသိရသည်။


















