အသက် ၁၃ နှစ်အရွယ် သမီးငယ်ကို ပထွေးဖြစ်သူက သားမယားပြုကျင့်ရန် အားထုတ်

အသက် ၁၃ နှစ်အရွယ် သမီးငယ်ကို ပထွေးဖြစ်သူက သားမယားပြုကျင့်ရန် အားထုတ်

ဝန်းသိုမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် သမီးငယ်ကို ပထွေးဖြစ်သူက သားမယားပြုကျင့်ရန် အားထုတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

သြဂုတ် ၁ဝ ရက်ညနေ ၆ နာရီအချိန် ဝန်းသိုမြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးသည်နေအိမ် တွင်နောက်အိမ်ထောင်ဖြစ်သူ အောင်ဆန်းဝင်း(၃၇ နှစ်)နှင့် အသက် ၁၃ နှစ်အရွယ် ပထမအိမ်ထောင် မှပါရှိသည့် သမီးငယ်တို့နှင့်အတူရှိနေခဲ့သည်။

အောင်ဆန်းဝင်းကို သမီးငယ်က နှိပ်ပေးနေခဲ့ပြီးခဏအကြာအပေါ့သွားမည်ဟုဆိုကာ နေအိမ်အနောက်ဖက် သို့ထွက်သွားခဲ့ပြီးနောက် အောင်ဆန်းဝင်းက နောက်မှလိုက်သွားခဲ့သည်ဟုဆိုသည်။မိခင်ဖြစ်သူကမသင်္ကာဖြင့်နောက်မှလိုက်ကြည့်ရာ အောင်ဆန်းဝင်းကအိမ်သာထဲမှ ထွက်လာပြီး သမီးဖြစ်သူကနောက်မှ လိုက်ထွက်လာခဲ့သဖြင့် သမီးဖြစ်သူအားမေးမြန်းရာ အောင်ဆန်းဝင်းက အိမ်သာအတွင်း ၄င်းသားမယားပြုကျင့်ရန် အားထုတ်နေစဉ် မိခင်ရောက်လာသံကြားသဖြင့် အိမ်သာမှဆင်းသွားခဲ့ကြောင်းပြောပြသိရသဖြင့် အရွယ်မရောက်သေးသည့် သမီးငယ်ကို သားမယားပြုကျင့်ရန် အားထုတ်သူ အောင်ဆန်းဝင်းကို အရေးယူပေးရန် သြဂုတ်လ ၁၁ ရက်နေ့တွင် ဝန်းသိုမြို့မရဲစခန်း၌တိုင်ကြားခဲ့သည်။

အောင်ဆန်းဝင်းအား ဝန်းသိုမြို့မရဲစခန်းတွင် (ပ)၈၇/၂၀၂ဝ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရအမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။