စပါးအသင်းတာဝန်ရှိသူများသည် ဆောက်သမ် တန်မှ အသက်(၂၅)နှစ်အရွယ် ဒိန်းမတ်ကွင်းလယ်လူ ဟော့ဂျက်ကို ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သည်ဆန်းက ဖော်ပြခဲ့သည်။
ဟော့ဂျက်သည် ဆောက်သမ်တန်၏ အဓိကကစား သမားတစ်ဦးဖြစ်ပြီး စာချုပ်သက်တမ်း တစ်နှစ်ကျန် ရှိနေသော်လည်း စပါးအသင်းထံသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ဟော့ဂျက်သည် ၂ဝ၁၆ ခုနှစ်က ဘိုင်ယန်မြူးနစ်မှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁ဝဝ ကျော်ပါဝင်ကစားခဲ့သည်။ မော်ရင်ဟိုလက်ထက် ဖာနန်ဒက်စ်၊ လိုဆယ်လ်ဆိုနှင့် ဘတ်ချ်ဝင်းတို့ကို ခေါ်ယူခဲ့ပြီးနောက် စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဟော့ဂျက်အား ခေါ်ယူ ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့၍ ပျော်ရွှင်မိကြောင်း ဟော့ဂျက်က အသိပေးပြောကြားခဲ့သည်။ ဟော့ဂျက်သည် ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၃၃ ပွဲပါဝင်ကစားထားကြောင်း သိရသည်။ ၎င်းသည် ဆောက်သမ်တန်အသင်းခေါင်းဆောင်ရာထူးကို ရရှိ ဖူးသော်လည်း ပြန်လည်ရုပ်သိမ်း ခံခဲ့ရသည်။ ဟော့ ဂျက်သည် စပါး၌ ဘာတွန်ဂျန်၏ ကျောနံပါတ်(၅) ဂျာစီဝတ်ဆင်မည်ဖြစ်သည်။ ရာသီသစ်ပရီးမီးယားလိဂ် ကို စက်တင်ဘာ ၁၂ ရက်၌ကစားမည်ဟု သိရသည်။















