မန်ယူနှင့် အာဆင်နယ် ပစ်မှတ်ကစားသမား ဂျိုနသန်ဒေးဗစ် လိုင်လီသို့ရောက်ရှိ

မန်ယူနှင့် အာဆင်နယ် ပစ်မှတ်ကစားသမား ဂျိုနသန်ဒေးဗစ် လိုင်လီသို့ရောက်ရှိ

မန်ယူနှင့် အာဆင်နယ်အသင်းတို့၏ ပစ်မှတ်ကစားသမား ဂျိုနသန်ဒေးဗစ်သည် လီဂူးကလပ် လိုင်လီသို့ ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဂိုးလ်ကွန်ကဖော်ပြခဲ့သည်။

အသက်(၂ဝ)အရွယ် ကနေဒါ တိုက်စစ်မှူးဒေးဗစ်သည် ခြေစွမ်းကောင်းပိုင်ဆိုင်ထားပြီး ဘယ်လ်ဂျီယံကလပ် ဂျန့်နှင့်အတူ နာမည်ရလာသူဖြစ်သည်။ မန်ယူ၊ အာဆင်နယ်၊ လက်စတာ၊ လိဒ်၊ ဘရိုက်တန်နှင့် ပဲလေ့စ်တို့က ဒေးဗစ်အားခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း လိုင်လီက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၃ဝ ဖြင့်လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

လိုင်လီနှင့် ငါးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဒေးဗစ်က ၎င်းအနေဖြင့် အသင်းပြောင်းနိုင်ခဲ့၍ ပျော်ရွှင် မိကြောင်း၊ လိုင်လီ၌ ကစားသမားကောင်းများစွာရှိပြီး အသင်းကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေးဗစ်သည် ၂ဝ၁၈-၁၉ ဘောလုံးရာသီက ဂျန့်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းယူပေးခဲ့ပြီး ဖန်တီးမှုငါးကြိမ်ပြုလုပ်ခဲ့သည်။ လိုင်လီသည် အိုဆင်ဟမ်ကို နာပိုလီသို့ရောင်းချခဲ့ပြီးနောက် ဒေးဗစ်အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး