တာချီလိတ်မြို့နယ်တွင် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်းသြဂုတ် ၁၃ ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
သြဂုတ် ၁၃ ရက် နံနက် ၃ နာရီ ၂၅ မိနစ်အချိန်ခန့်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဝိန်းကျောက်ရပ်ကွက် ၊ ရွှေကမ္ဘာကား ပြင်ဆိုင်ရှေ့တွင် Fontuner အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေး နယ်မြေလုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော်သားများကစစ်ဆေးခဲ့သည်။
ထိုသို့တားဆီးစဉ် ယာဉ်မောင်းမှာ ယာဉ်ကို ရပ်တန့်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။မော်တော်ယာဉ်ကို စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်နောက်ခန်းထဲရှိ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ICE အလေးချိန် ၃၇၅ ကီလိုဂရမ်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
သိမ်းဆည်းရမိသည့် မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို တာချီလိတ် မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသိရသည်။

















