ရှမ်းပြည်နယ်(မြောက်ပိုင်း) လွယ်ငင်းကျေးရွာအုပ်စု၊ဖျင်းစွယ်ရွသချိုင်းကုန်းတစ်ခုအတွင်း ဒဏ်ရာများဖြင့်သေဆုံးနေသည် ကလေးအလောင်းကို စစ်ဆေးရာက ပထွေးဖြစ်သူက သားမယားပြုကျင့်ကာ သတ်ဖြတ်မှုပေါ်ပေါက်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဩဂုတ်၅ရက် နံနက် ၆ နာရီအချိန်ခန့် တွင်ရှမ်းပြည်နယ် (မြောက်ပိုင်း)လွယ်ငင်းကျေးရွာအုပ်စု၊ဖျင်းစွယ်ရွာသင်္ချိုင်းကုန်းအတွင်း ကလေးငယ်တစ်ဦးသေဆုံးနေကြောင်းသတင်းအရ မြို့နယ်မှူးရဲမှူးပီတာမြင့်သိန်း၊စခန်းမှူးဒုရဲမှူး ကျော်သိန်းနိုင်နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
သေဆုံးသူကလေးငယ်မှာမိုင်းရယ်မြို့နယ်နေသူဦးဝင်းထွဋ်၏ ဇနီးဘက်မှပါလာသည့် သမီးဖြစ်သူ အသက် ၁၁ နှစ် ကလေးငယ်ဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့ကတည်းက ပျောက်ဆုံးနေသဖြင့် မိသားစုဝင် များက လိုက်လံရှာဖွေနေခဲ့ပြီးဩဂုတ်၅ရက်နေ့နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင်မိုင်းရယ်လားရှိုးသွားကားလမ်းအမှတ်(၂၈/၂)နှင့်(၂၈/၃)ကြားရှိ လွယ်ငင်းကျေးရွာအုပ်စု၊ဖျင်စွယ်ရွာသင်္ချိုင်းကုန်းအနီးတွင်ဝဲဘက်ပါးဖူးယောင်ညိုမဲ ဒဏ်ရာ၊ဝဲမျက်ခမ်းညိုမဲဒဏ်ရာ၊လည်ပင်းအရေခွံစုတ်ပြဲဒဏ်ရာ၊ပါးစပ်မှသွေးအနည်းငယ်ထွက်လျက်ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့်ခရမ်းရောင်အောက်ခံချိတ်လုံချည်မှာမျက်နှာအားဖုံးအုပ်လျှက် ယာခြေထောက်မှာဝဲဘက်ခြေထောက်ပေါ်သို့တင်နေကာခန္ဓာကိုယ်အောက်ပိုင်းအဝတ်ဗလာဖြင့် ပက်လက်အနေအထားသေဆုံးနေသည်ကိုတွေ့ရသည်။ကလေးငယ်အလောင်းကို ကိုဝင်းထွဋ်ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်းသိရသည်။မိုင်းရယ်မြို့မရဲစခန်းတွင်(ပ)၁၅/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂အရအမှုဖွင့်ကာစခန်းမှူး ဒုရဲမှုးကျော်သိန်းနိုင်ကစစ်ဆေးခဲ့သည်။
ဆေးစာပြန်ကြားချက်အရသေဆုံးသူသည်သားမယားပြုကျင်ခံရကာလည်ပင်းကလေပြွန်အသက်ရှုကျပ်ကာသေဆုံးကြောင်းပြန်ကြားချက်အရမူလပုဒ်မ ၃၀၂ မှ ၃၇၆/၃၀၂သို့ပြောင်းလဲစစ်ဆေးခဲ့သည်။အလောင်းစတင်တွေ့ရှိသည့် ပထွေး ဖြစ်သူကိုဝင်းထွဋ်မှာအမူအရာတစ်မျိုးဖြစ်ကာ စကားအသွားအလာမသင်္ကာသဖြင့် ရဲမှဖမ်းဆီးစစ်ဆေးရာ အခင်းဖြစ်သည့်နေ့ကသွေးတိုးနေသည်ဟုအကြောင်းပြကာအလုပ်မသွားဘဲဇနီးအလုပ်သွားစဉ် ကလေးကို ရေချိုးပေးပြီးနောက် အပြင်သို့ခေါ်လာခဲ့ကြောင်း၊ပြောင်းခင်းအရောက် မဖွယ်မရာလုပ်ကာအလိုမတူပဲသားမယားပြုကျင့်ခဲ့ကြောင်း၊၎င်းနောက်မိခင်ထံသွားမည်ဟုအတင်းခေါ်လာကာအခင်းဖြစ်သင်္ချိုင်းကုန်းအနီးတွင်ဒုတိယအကြိမ်သားမယားပြုကျင့်စဉ်အော်ဟစ်ငိုယိုကာအမေနှင့်တိုင်ပြောမယ်"ဟုပြောသောကြောင့် ကလေး၏မျက်နှာကိုလက်ပြန်ရိုက်ချလိုက်ရာလဲကျပြီးသစ်ပင်နှင့်ဦးခေါင်းခိုက်မိသွားခဲ့ကြောင်း၊ထို့နောက်ဆက်လက်ပြီးလည်ပင်းကိုလက်နှစ်ဖက်နှင့်ညှစ်သတ်ခဲ့ပြီးနောက်အလောင်းကိုထားပစ်ခဲ့ကာနေအိမ်တွင်ဟန်မပျက်ပြန်နေကာ ကလေးပျောက် ကိုကူရှာပေးပြီး၎င်းကအလောင်းကိုစတင်တွေ့ရှိခဲ့ကြောင်းပေါ်ပေါက်ခဲ့ခြင်းဖြစ်သိရသဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















