လီဗာပူးနှင့် ရီးရဲလ် ထွက်ခဲ့ရသည့်တိုင် ချန်ပီယံလိဂ်၌ မလွယ်ကူနိုင်ဟု မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗားပြော

လီဗာပူးနှင့် ရီးရဲလ် ထွက်ခဲ့ရသည့်တိုင် ချန်ပီယံလိဂ်၌ မလွယ်ကူနိုင်ဟု မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗားပြော

မန်စီးတီးကွင်းလယ်လူတစ်ဦးဖြစ်သော ဘာနာဒို ဆေးလ်ဗားက ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံလီဗာပူးနှင့် ချန်ပီယံဟောင်း ရီးရဲလ်မက်ဒရစ် တို့ ထွက်ခဲ့ရသည့်တိုင် ဘာမဆိုဖြစ်နိုင်၍ မလွယ်ကူ နိုင်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိချန်ပီယံ လီဗာပူးသည် အက်သလက်တီကို ကို မကျော်ဖြတ်နိုင်ခဲ့၍ ပြိုင်ပွဲမှထွက်ခဲ့ရပြီး ရီးရဲလ် မက်ဒရစ်မှာလည်း မန်စီးတီးကိုမကျော်နိုင်ခဲ့၍ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးဖြစ်သည်။ မန်စီးတီးဗိုလ်စွဲရန် အများက ထင်မြင်နေသော်လည်း အသင်းတိုင်းကို လျှော့မတွက် သင့်ကြောင်း ပေါ်တူဂီကစားသမား ဆေးလ်ဗားက ယုံကြည်နေသည်။

ဆေးလ်ဗားက ''ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဂျူဗင်တပ်စ်ဆိုရင် လိုင်ယွန်ရဲ့ဖြုတ်ချ ခြင်းကို ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ချန်ပီယံ လိဂ်မှာ အံ့အားသင့်စရာတွေကို အများကြီးတွေ့ခဲ့ရ ပါတယ်။ ကျွန်တော်တို့တောင် မနှစ်က ကွာတားမှာ စပါးကို အရှုံးပေးခဲ့ရတယ်။ ချန်ပီယံလိဂ်ရဲ့ပွဲနဲ့ ရလဒ်ကို တွက်ဆဖို့က အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့်ပဲ လီဗာပူးရော ရီးရဲလ်ပါ ပြိုင်ပွဲကထွက်ခဲ့ရတယ်။ ကျွန် တော်တို့အတွက်လည်း လွယ်တယ်ဆိုရင် ဒါက အတွေး မှားဖြစ်ပါလိမ့်မယ်။ ပွဲတိုင်းက ခက်မှာပါ''ဟု ဆိုသည်။

မန်စီးတီးသည် သြဂုတ် ၁၅ ရက်၌ လစ္စဘွန်းတွင် လိုင်ယွန်နှင့် ကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး