၁၉၉၄-၉၅ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးသို့ ပထမဆုံးအကြိမ် ပီအက်စ်ဂျီတက်ရောက် အတ္တလန္တာနှင့်ပွဲတွင် ချေပဂိုးနှင့်အနိုင်ဂိုးကို ၁၄၉ စက္ကန့်သာခြားပြီးရရှိခဲ့

၁၉၉၄-၉၅ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးသို့ ပထမဆုံးအကြိမ် ပီအက်စ်ဂျီတက်ရောက် အတ္တလန္တာနှင့်ပွဲတွင် ချေပဂိုးနှင့်အနိုင်ဂိုးကို ၁၄၉ စက္ကန့်သာခြားပြီးရရှိခဲ့

ပီအက်စ်ဂျီသည် သြဂုတ် ၁၂ ရက် က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအဖြစ် အတ္တလန္တာနှင့်ယှဉ်ပြိုင်ခဲ့ရာ ၂၆ မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ရ၍ နောက်မှလိုက်ကစား ခဲ့ရပြီး ပွဲပြီးလုချိန်၌ ချေပဂိုးနှင့်အနိုင်ဂိုးကို ၁၄၉ စက္ကန့်သာခြားကာ ရရှိခဲ့သောကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ယူခဲ့ရာ ၁၉၉၄-၉၅ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ်တက် ရောက်နိုင်ခဲ့သည်။

ပီအက်စ်ဂျီနှင့် အတ္တလန္တာတို့သည် အဓိကကစားသမားများကို အသုံးပြုခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်၌ နေမာ၊ အီကာဒီနှင့် ဆာနာဘရီယာတို့ ဦးဆောင်ခဲ့သည်။ အတ္တ လန္တာသည် ၂၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိ ခဲ့ရာ ပါဆာလစ်က လှလှပပသွင်းယူပေး ခဲ့သည်။ ပီအက်စ်ဂျီသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၁၇ ကြိမ်ရရှိခဲ့ပြီး ဂိုးပေါက်တည့်ကန်သွင်းမှု ခြောက်ကြိမ် ရရှိခဲ့သော်လည်း နေမာ ဂိုးသွင်းညံ့ခဲ့သည် ကိုတွေ့ရသည်။

တစ်ဂိုး ဂိုးမရှိဖြင့် ပွဲပြီးမည်ဟုထင်မှတ် ရသော်လည်း ပီအက်စ်ဂျီသည် မိနစ် ၉ဝ တွင်ချေပဂိုးရရှိခဲ့ရာ မာကွင်ဟိုက ကြုံသလို သွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီအတွက် အဖိုးတန်အနိုင်ဂိုးကို ၇၉ မိနစ်တွင် လူစား ဝင်ခဲ့သော ကင်မရွန်းတိုက်စစ်မှူး ချိုပိုမို တင်းက ထပ်မံသွင်းယူပေးခဲ့၍ အံ့အားသင့် ဖွယ်ရလဒ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ပီအက်စ် ဂျီသည် ၁၉၉၄-၉၅ က လူးဝစ်ဖာနန်ဒက်စ်၏ လက်အောက်တွင် ဆီမီးဖိုင်နယ်တက်ရောက် ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ဆီမီးဖိုင်နယ် နှင့်ဝေးကွာခဲ့သည်။

မာကွင်ဟိုသွင်းခဲ့သောချေပဂိုးနှင့် မိုတင်း သွင်းယူခဲ့သော အနိုင်ဂိုးမှာ ၁၄၉ စက္ကန့် သာခြားဟု သိရသည်။ မိုတင်းက ရှုံးပွဲဖြင့် အိမ်မပြန်နိုင်ဟု ကိုယ့်ကိုယ်ကိုယ်ပြောကြား ခဲ့ကြောင်း၊ ခက်ခဲသည့်ပြိုင်ဘက်နှင့် ပွဲ ကောင်းဖြစ်ခဲ့ကြောင်း၊ နေမာအတွက် ထူးကဲ သည့်ပွဲဟုဆိုသည်။ အကောင်းဆုံးကစား သမားဆုရခဲ့သော နေမာသည် ၂ဝဝ၈ ခုနှစ်က မန်ယူနှင့်ပွဲ၌ မက်ဆီရရှိခဲ့သော ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်း ပြိုင်ဘက်အား အောင်မြင်စွာဖြတ်ကျော်နိုင်မှု ၁၆ ကြိမ် စံချိန်ကို လိုက်မီခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးနိမ့်နေရာမှ ပြန်လာနိုင်သည့်အသင်းဟူ၍ ပီအက်စ်ဂျီ ပါဝင်လာရာ စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မန်ယူမှာ ၁၉၉၉ ခုနှစ်က ဘိုင်ယန်နှင့်ပွဲတွင်ပြန်လာနိုင်ခဲ့ပြီး ချယ်လ်ဆီးမှာ ၂ဝဝ၅ ခုနှစ်က ဘိုင်ယန် မြူးနစ်နှင့်ပွဲတွင်လည်းကောင်း၊ ဒေါ့မွန်မှာ ၂ဝ၁၃ ခုနှစ်က မာလာဂါနှင့်ပွဲတွင်လည်း ကောင်း နိုင်ပွဲဖြင့်ပြန်လာနိုင်ခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး