ဂါနာနောက်ခံလူ ဆာလီဆူကို ပေါင် ၁ဝ ဒသမ ၉ သန်းဖြင့် ဆောက်သမ်တန်ခေါ်

ဂါနာနောက်ခံလူ ဆာလီဆူကို ပေါင် ၁ဝ ဒသမ ၉ သန်းဖြင့် ဆောက်သမ်တန်ခေါ်

ဆောက်သမ်တန်အသင်းတာဝန်ရှိသူများသည် ဗယ်လာဒိုးလစ်မှ ဂါနာဗဟိုနောက်ခံလူ ဆာလီဆူကို ပြောင်းရွှေ့ကြေး ၁ဝ ဒသမ ၉ သန်းဖြင့်ခေါ်ယူက လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ဟုသိရသည်။

အသက်(၂၁)နှစ်အရွယ် ဆာလီဆူသည် အနာဂတ်အလားအလာရှိသော နောက်ခံကစားသမားဖြစ်ပြီး ယခုနှစ်တွင် ဗယ်လာဒိုးလစ်အတွက် ၃၂ ပွဲကစားကာ ခြေစွမ်းပြခဲ့သည်။ ဆောက်သမ်တန်သည် မကြာခင်က စပါးနောက်ခံလူ ဝေါ်လ်ကာပီတာကို ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့်ခေါ်ယူခဲ့ပြီးနောက် ဆာလီဆူကို ထပ်မံ၍ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟက်တယ်က ဆာလီဆူကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ ၎င်းတို့အသင်းအတွက် အရေးပါသည့်ခေါ်ယူမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသင်းသစ်သို့ရောက်ရှိလာခဲ့သော ဆာလီဆူက ဆောက်သမ် တန်မှာ လူငယ်ကစားသမားများဖွံ့ဖြိုးတိုးတက်ရေးတွင် သမိုင်းကြောင်းကောင်းသည့်ကလပ်ဖြစ်ကြောင်း၊ ၎င်းထံမှ ဆောက်သမ်တန်၏မျှော်လင့်ထားမှုကို နားလည်၍ အကောင်းဆုံးကြိုးစားမည်ဟု ဆိုသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး