ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို သြဂုတ် ၂၁ ရက်မတိုင်မီ သိရမည်

ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို သြဂုတ် ၂၁ ရက်မတိုင်မီ သိရမည်

၂ဝ၂ဝ-၂၁ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် ဇယားကို လာမည့်သြဂုတ် ၂၁ ရက်မတိုင်မီ သိရမည်ဖြစ်ပြီး ယင်းရက် ထက်နောက်မကျဘဲ ထုတ်ပြန်မည်ဟု ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

(၂၉)ကြိမ်မြောက်ကျင်းပမည့် ပရီးမီးယားလိဂ်ပြိုင်ပွဲသည် မူလက သြဂုတ် ၈ ရက်တွင်စတင်ရန်စီစဉ်ထားသော်လည်း COVID-19 ကြောင့် စက်တင် ဘာ ၁၂ ရက်သို့ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဗြိတိန်၌ COVID-19 ကူးစက်မှုများရှိနေသေး၍ ရာသီသစ်ပရီးမီးယား လိဂ်တွင် ပရိသတ်ကြည့်ရှုခွင့် ကန့်သတ်ဖွယ်ရှိပြီး ပရိသတ်မပါဘဲ ကစားရန်လည်းရှိနေသည်။ COVID-19 ကြောင့် ရာသီသစ်ပြိုင်ပွဲမှာ ကျင်းပချိန်နောက်ကျ၍ ၂ဝ၂ဝ-၂၁ ပြိုင်ပွဲ၌ ဆောင်းရာသီအားလပ်ရက် ထားရှိမည်မဟုတ်ပေ။

ရာသီသစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ပွဲစဉ်ဇယားကို သြဂုတ် ၂၁ ရက်ထက်နောက်မကျဘဲ ထုတ်ပြန်မည်ဟု သိရသည်။ ပွဲဆက်များသောကြောင့် ရာသီသစ်အက်ဖ်အေဖလားပြိုင်ပွဲတွင် ပြန်ကန်ပွဲကစားသည့်စနစ်ကို ပယ်ဖျက် လိုက်ပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာလည်း တစ်ကျော့တည်းသာကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး