၂ဝဝ၉ ခုနှစ်ကတည်ထောင်ခဲ့သည့် လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဆီမီးသို့ ပထမဆုံးရောက် လိုက်ပ်ဇစ်၏တိုးတက်မှု ပုံမှန်ထက်ပိုမြန်ဆန်ကြောင်း နည်းပြပြောကြား

၂ဝဝ၉ ခုနှစ်ကတည်ထောင်ခဲ့သည့် လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဆီမီးသို့ ပထမဆုံးရောက် လိုက်ပ်ဇစ်၏တိုးတက်မှု ပုံမှန်ထက်ပိုမြန်ဆန်ကြောင်း နည်းပြပြောကြား

ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်သည် သြဂုတ် ၁၃ ရက်က ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်အဖြစ် အက်သလက်တီကိုနှင့်ယှဉ် ပြိုင်ခဲ့ရာ ၈၈ မိနစ်တွင် အဖိုးတန်အနိုင်ဂိုးရခဲ့ သောကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအြကိမ်တက် ရောက်နိုင်ခဲ့ကြောင်း သိရသည်။

လိုက်ပ်ဇစ်တိုက်စစ်ကို ပေါ်လ်ဆန် ဦးဆောင်ခဲ့ပြီး အက်သလက်တီကိုတိုက်စစ် ၌ ဒီယေဂိုကော်စတာနှင့် လော်ရန်တီတို့ ပါဝင်ခဲ့သည်။ လိုက်ပ်ဇစ်သည် ပွဲချိန်မိနစ် ၅ဝ တွင် ဦးဆောင်ဂိုးရခဲ့ရာ အော်လ်မိုက ခေါင်းတိုက်သွင်းယူခဲ့သည်။ အက်သလက် တီကိုသည် ၇၁ မိနစ်၌ ယာအိုဖီလစ်ကြောင့် ပင်နယ်တီရခဲ့ပြီး ဖီလစ်ကပင် အမှားအယွင်း မရှိကန်သွင်း၍ ချေပနိုင်ခဲ့သည်။ လိုက်ပ် ဇစ်သည် ၈၈ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး အမေရိကန်ကွင်းလယ်လူ အဒမ် ကန်သွင်း ရာ ဆာဗစ်နှင့်ထိ၍ လမ်းကြောင်းပြောင်း ကာ ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။

လိုက်ပ်ဇစ်သည် ၂ဝဝ၉ ခုနှစ် မေ ၁၉ ရက်က စတင်တည်ထောင်ခဲ့သည့်အသင်း ဖြစ်ပြီး ၂ဝ၁၇-၁၈ ဘောလုံးရာသီတွင် ချန် ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးကစားခဲ့ရသည်။ လိုက်ပ်ဇစ်သည် ဘွန်ဒက်စ်လီဂါသို့ရောက် ရှိရန် ကြိုးစားခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲ ၌လည်း ဆီမီးသို့တက်ရောက်နိုင်ခဲ့သည်မှာ ကြီးမားသည့်အောင်မြင်မှုဖြစ်သည်။

လိုက်ပ်ဇစ်နည်းပြ နာဂယ်စ်မန်းက ၎င်းတို့အသင်းမှာ ပိုကောင်းသည့်အသင်း ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။ နာဂယ်စ်မန်း သည် အသက်(၃၃)နှစ်အရွယ်သာရှိသေး ပြီး ချန်ပီယံလိဂ်ဆီမီးသို့ တက်ရောက်နိုင် ခဲ့သော အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ''အသင်းရဲ့တိုးတက် မှုက အရမ်းမြန်တယ်။ ကျွန်တော်တို့ ဘွန် ဒက်စ်လီဂါကိုရောက်ခဲ့တယ်။ ချန်ပီယံလိဂ် ဝင်ခွင့်က သုံးခါအောင်တယ်။ အခုအထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်ရှိနေတယ်။ လိုက်ပ်ဇစ်အသင်းရဲ့တိုးတက်မှုက ပုံမှန် ထက်မြန်ဆန်နေပါတယ်''ဟု နည်းပြနာ ဂယ်စ်မန်းက ပြောသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း အတွက် ဆင်ခြေမရှိကြောင်း အက်သလက် တီကိုနည်းပြ ဆီမြွန်နီက ပွဲအပြီး၌ဆိုခဲ့သည်။ လိုချင်သည့်ပုံစံအတိုင်း မကစားနိုင်ခဲ့ကြောင်း၊ လိုက်ပ်ဇစ်ကို ကြိုက်နှစ်သက်ကြောင်း၊ လိုက်ပ်ဇစ်က ပိုကောင်းခဲ့၍ ဆင်ခြေပေး ရန်မရှိကြောင်း နည်းပြ ဆီမြွန်နီက ပြောကြား ခဲ့ခြင်းဖြစ်သည်။

လိုက်ပ်ဇစ်သည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် သြဂုတ် ၁၈ ရက်တွင် ပီအက်စ်ဂျီနှင့် ကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး