လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တင်ဒါကို အရက်ထင်မှတ်သောက်သုံးသူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယနေ့ဩဂုတ် ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်၁၄ရက် နံနက်၄နာရီ၅၅မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်လှိုင်သာယာပြည်သူ့ဆေးရုံ၌ တင်ဒါနှင့်အရက်မှားသောက်ခဲ့သဖြင့် ဆေးကုသခံယူနေသောအမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးစန်းယုနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာလှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ၃ ရပ်ကွက်နေ ဦးတင်ကိုကိုထွန်း(၄၈)နှစ်ဖြစ်ပြီး ဩဂုတ် ၁၃ ရက် နံနက်၇နာရီခွဲတွင် အရက်နှင့်တင်ဒါမှားသောက်သဖြင့် ဆေးရုံသို့တက်ရောက်ကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
အလောင်းကို ပီအာရ် ၀၂ ဖြင့် လက်ခံထားပြီး လှိုင်သာယာ(အရှေ့)မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၃၅/၂၀၂၀)အရ အမှုဖွင့်ကာ ဆက်လက်အရေးယူထားသည်။
















