မိုင်းတုံ မြို့တွင် မိန်းမဖြစ်သူကို သူခိုးဟု စွပ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်စဉ် တုတ်ဖြင့်ရိုက်သတ်ခဲ့မှုကိုအမှုဖွင့်အရေးယူထားကြောင်း ဩဂုတ်လ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာရွှေပြည်ကျော်ကျေးရွာနေ ကောဘို(၃၆)နှစ်တို့ နှင့် နေအိမ်တွင် အတူရှိနေစဉ် အိမ်နီးချင်းဖြစ် သူ ကျစော(၃၀)နှစ်၊တောင်ယာလုပ်သူ သည် ဓါးဦးချွန်တစ်ချောင်းကို ယူဆောင်ကာ ၎င်း၏ဇနီးဖြစ်သူကို လောလီမှ သူခိုးဟုစွပ်စွဲပြောဆိုသည်ကို မကျေနပ်သဖြင့် ဆဲဆိုကာသတ်ပြစ်မယ်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် စကားများရန်ဖြစ်နေစဉ် ကျစောကအနီးရှိသစ်သားချောင်းဖြင့် လောလီကိုရိုက်ရာ လောလီ၏ ခေါင်းတွင်တွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး(၂)ဦးလုံးထွေးသတ်ပုတ်ရာမှအနီးရှိ ကော်ဘိုက၀င်ရောက်ဖြန်ဖြေပေးသော်လည်းမရပဲဖြစ်နေသဖြင့် အုပ်ချုပ်ရေးမှူးကိုသွားရောက်တိုင်တန်းပြီး နေအိမ်သို့ပြန်လာစဉ် လောလီမှာ ထွက်ပြေးသွားပြီး ကျစောမှာ စိုးရိမ်ဒဏ်ရာများရရှိထားသည် ကိုတွေ့ရသောကြာင့်၎င်းအားကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်းမှတဆင့် မိုင်းတုံဆေးရုံသို့ ပို့ဆောင် ရန်စီစဉ်နေစဉ် ကျစောမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူ လောလီ ကိုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဖမ်းဆီးကာ အရေးယူပေးရန် မိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူ လောလီအား မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















