ဝိုင်ဘီအက်စ် ၇၉ ခရီးသည်တင်ယာဉ် ဘေးတံခါးဖွင့်ရာမှ လူ၂ဦးပြုတ်ကျကာ တစ်ဦးသေဆုံး 

ဝိုင်ဘီအက်စ် ၇၉ ခရီးသည်တင်ယာဉ် ဘေးတံခါးဖွင့်ရာမှ လူ၂ဦးပြုတ်ကျကာ တစ်ဦးသေဆုံး 

လှိုင်သာယာမြို့နယ်တွင် ဝိုင်ဘီအက်စ် ၇၉ ခရီးသည်တင်ယာဉ် ဘေးတံခါးဖွင့်ရာက လူ၂ဦးပြုတ်ကျကာ တစ်ဦးသေဆုံး ခဲ့မှုကိုအရေးယူထားကြောင်းဩဂုတ် ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဩဂုတ် ၁၅ ရက်နံနက်၁၀နာရီအချိန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အနော်ရထာလမ်း၊အတိုင်းတောင်မှမြောက်သို့ သမကုန်းဘက်မှအလယ်ရွာအဝိုင်းဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း နေ၀င်းထွန်း(၃၅)နှစ်၊မောင်းနှင်သည့် ဝိုင်ဘီအက်စ် ၇၉ ခရီးသည်တင်ယာဉ်သည် ဆယ့်တစ်မီးငြိမ်းလမ်းဆုံအနီးအရောက်ယာဘက်ဘေးတံခါးဖွင့်စဉ်ယာဉ်ပေါ်ပါခရီးသည် ၂ ဦးမှာ ယာဉ်ပေါ်မှပြုတ်ကျခဲ့ကြသည်။

ယာဉ်ပေါ်မှပြုတ်ကျသူ ၂ ဦးမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ၁၂ ရပ်ကွက်နေ ဦးတင်ဝင်း(၆၂)နှစ် နောက်စေ့ဖူးရောင်၊ဝဲမျက်ခုံးပွန်း၊နှာခေါင်းပွန်းဒဏ်ရာရှိပြီးအခင်းဖြစ်ရာနေရာတွင်သေဆုံးသွားခဲ့ပြီး ဒေါ်လှ၀င်း(၆၂)နှစ်တွင် နောက်စေ့ပေါက်ပြဲ၊ယာပခုံးနာ ကျင်ဒဏ်ရာရကာ လှိုင်သာယာပြည် သူ့ဆေးရုံကြီးတွင်တက်ရောက်ကုသနေရကြောင်းသိရသည်။

သေဆုံးသူ ဦးတင်ဝင်း၏ အလောင်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပီအရ် ၀၅၅ အရ လက်ခံခဲ့ပြီး ယာဉ်ကိုပေါ့ဆစွာတံခါးဖွင့်မောင်းနှင်ခဲ့သူ ယာဉ်မောင်းနေ၀င်းထွန်းကို သောင်ကြီးနယ်မြေရဲစခန်းတွင်ယာဉ်(ပ)၂၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၃၃၈/၂၇၉အရ အမှုဖွင့်အရေးယူထားသည်။