ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရ၍ သုံးရာသီဆက် ဖလားလက်မဲ့ မန်ယူအသင်းကြုံဆုံခဲ့ရ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရ၍ သုံးရာသီဆက် ဖလားလက်မဲ့ မန်ယူအသင်းကြုံဆုံခဲ့ရ

မန်ယူအသင်းသည် သြဂုတ် ၁၆ ရက်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဖြစ် ဆီဗီလာနှင့် ကစားခဲ့ရာ ဖာနန်ဒက်စ်၏ ပင်နယ်တီဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ခံစစ်အားနည်း မှုကြောင့် ဂိုးများ ပြန်ပေးခဲ့ရပြီး နှစ်ဂိုးတစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့၍ ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် သုံးရာသီဆက် ဖလားလက်မဲ့ရာသီဖြင့် ကြုံဆုံခဲ့ရသည်။

မန်ယူပွဲထွက်လူစာရင်းတွင် မာရှယ်၊ ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ဖရက်ဒ်နှင့် ပေါ့ဘာတို့ပါဝင်ခဲ့သည်။ မန်ယူသည် ပွဲချိန် ကိုးမိနစ်တွင် ရက်ဖို့ဒ်ကြောင့် ပင်နယ်တီရခဲ့ရာ ဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။ ဆီဗီ လာသည် ၂၆ မိနစ်၌ ချေပဂိုးပြန်ရခဲ့ပြီး ရီဂူလွန်က ဘယ်ခြမ်းမှ အနေတော်ပေးပို့မှု ကို လူကပ်ထားခြင်းမခံရသော ဆူဆိုက သွင်းယူပေးခဲ့သည်။

ဆီဗီလာသည် ၅၆ မိနစ် တွင် ဒီဂျောင်နှင့် မူနာတို့ကိုထည့်သွင်းပြီး ကစားအားမြှင့်ခဲ့သည်။ မန်ယူတိုက်စစ်မှူး များမှာ အဆုံးသတ် အားနည်းခဲ့သည်ကိုတွေ့ ရပြီး ဆီဗီလာဂိုးသမားမှာလည်း Man of the match ရသည်အထိ လက်စွမ်းပြခဲ့ကာ ကာကွယ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ ဆီဗီလာသည် ၇၈ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး နာဗက်စ်က ညာခြမ်းမှ ဖြတ်တင်ပေးသည်ကို ဒီဂျောင်က အပိုင်ပိတ်သွင်းခဲ့သည်။

ဒုတိယ ဂိုးပေးခဲ့ရမှုအပေါ် မန်ယူနောက်ခံ လူလင်ဒီလော့ဖ်နှင့် ဖာနန်ဒက်စ်တို့အကြား အချင်းများခဲ့ကြပြီး ဆွီဒင်သားက ဖာနန်ဒက်စ် အားဆဲရေးခဲ့ဟု သိရသည်။ နည်းပြ ဆိုးလ် ရှားသည် လူစားလဲမှုကို ၈၇ မိနစ်မှသာ ပြုလုပ်ခဲ့ခြင်းက အားနည်းချက်ဖြစ်ခဲ့သည်။မန်ယူသည် ချေပဂိုးသွင်းယူရန် ကြိုးစားခဲ့ သော်လည်း မတတ်နိုင်ခဲ့၍ နှစ်ဂိုးတစ်ဂိုးဖြင့် အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။

မန်ယူသည် ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲသုံးရပ် ဆီမီးအဆင့်သို့ တက်ရောက် နိုင်ခဲ့သော်လည်း အက်ဖ်အေနှင့် ကာရာ ဘောင်းဖလားပြိုင်ပွဲ၌ ချယ်လ်ဆီးနှင့် မန်စီး တီးကို အရှုံးပေးခဲ့ရသည်။ မန်ယူသည် ၁၉၈၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ လေးရာသီဆက်တိုက် အဓိကဆုဖလား မရခဲ့ရာ ယခုအခါ ၃၁ နှစ် အတွင်း ပထမဆုံးအကြိမ် အရှည်ကြာဆုံး အဖြစ် သုံးရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ သည်။

မန်ယူသည် နည်းပြဟောင်းမော်ရင်ဟို လက်ထက် ၂ဝ၁၆-၁၇ ရာသီက ယူရိုပါလိဂ် ဖလားကို နောက်ဆုံးရခဲ့ပြီးနောက် အဓိက ဆုဖလား ဆွတ်ခူးနိုင်ခြင်းမရှိပေ။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး