အမေရိကန်က ချမှတ်သည့် ပိတ်ဆို့မှုများကို စိတ်ထဲမထားကြောင်း ဟောင်ကောင်အကြီးအကဲ ပြော

အမေရိကန်က ချမှတ်သည့် ပိတ်ဆို့မှုများကို စိတ်ထဲမထားကြောင်း ဟောင်ကောင်အကြီးအကဲ ပြော

အမေရိကန်အစိုးရက ၎င်းအပေါ်ချမှတ်သည့် အရေးယူပိတ်ဆို့မှုများကို မမှုသော်လည်း ဟောင်ကောင်ထုတ် ကုန်ပစ္စည်းများအပေါ် အမေရိကန်က စည်းကြပ်မှုသစ်များချမှတ်လိုက်မှုနှင့်ပတ်သက်၍မူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ တိုင်ကြားမှုပြုလုပ်မည်ဖြစ်ကြောင်း ဟောင်ကောင်အကြီးအကဲ ကာရီလမ်က သြဂုတ် ၁၈ ရက်တွင် ပြောဆိုခဲ့သည်။

ဟောင်ကောင်ရှိ နိုင်ငံရေးလွတ်လပ်မှုများကို ကန့်သတ်မှုအတွက် လမ်၊ ဟောင်ကောင်ရှိ ထိပ်တန်းအရာရှိများ၊ ပြည်မကြီးရှိ အရာရှိအချို့အပေါ် အမေရိကန်အစိုးရက ယခုလတွင် အရေးပိတ်ဆို့မှုများချမှတ်ခဲ့သည်။

"ကျွန်မရဲ့ ပုဂ္ဂလိကကိစ္စတချို့မှာ ကသိကအောက်ဖြစ်တာတချို့ရှိပေမယ့် စိတ်ထဲသိပ်ထားစရာမရှိပါဘူး" ဟု လမ်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

နိုင်ငံနှင့် ဟောင်ကောင်အတွက် မှန်သည်ဟု ထင်သည်များကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း လမ်ကပြောဆိုခဲ့သည်။ တရုတ်က ဟောင်ကောင်၌ လုံခြုံရေးဥပဒေကို သက်ရောက်စေပြီးနောက် ဟောင်ကောင်ရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများအပါအဝင် အခြေခံလွတ်လပ်ခွင့်များကို ကျင့်သုံးရန် အခွင့်အရေးနည်းပါးသွားခဲ့သည်။

ဟောင်ကောင်ကို တရုတ်ပြည်မကြီးမှ ခွဲထုတ်ရန် ကြိုးပမ်းမှု၊ ပုန်ကန်မှု၊ အကြမ်းဖက်မှု၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းမှုများကို ကျူးလွန်ပါက ထောင်ဒဏ်တစ်သက်အထိကျခံရမည်ဖြစ်သည်။