မြစ်ကြီးနားမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ခရီးသည်တင်ယာဉ်ဖြင့် တင်ဆောင်လာသူ အမျိုးသမီးကို ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၁၉ ရက်နေ့တွင် မူးယစ်တပ်ဖွဲ့မှသိရသည်။
သြဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်း မကြီးပေါ်တွင် ရပ်တန့်ထားသော ခရီးသည်တင်ယာဉ်လိုင်းကို မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါခရီးသည်တင်ယာဉ်ပေါ်တွင် ဗန်းမော် မြို့နယ်၊ (၂)မိုင်ရပ်ကွက်နေ ခရီးသည် မခေါင်န်ထွဲ ၂၃ နှစ်၏ခရီးဆောင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် ကျပ်သိန်း ၁၀၈၃ တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၃၆၁၀၀ ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိသည်။

















