လှည်းကူးမြို့နယ်တွင် ပန်ရံလုပ်သားအချင်းချင်း အရက်သောက်စဉ် လုပ်အားခရရှိမှုအပေါ်ငြင်းခုံရာက ပုလင်းကွဲဖြင့်ထိုးသတ်ရာက သေဆုံးခဲ့မှု ကို ဖမ်းဆီး အရေးယူထားကြောင်း သြဂုတ်လ ၁၉ ရက်နေ့ တွင် ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ် ၁၇ ရက်ည ၁၀ နာရီခန့်တွင် လှည်းကူးမြို့နယ် ကျွန်းကလေးမြို့နေ အိမ်နီးချင်းတစ်ဦးသည် နေအိမ်တွင် ဇနီးဖြစ်သူ နှင့် အတူရှိနေစဉ် မလှမ်းမကမ်းရှိ ပန်းရံအလုပ်သမားများနေထိုင်သည့် အဆောင်တဲ တွင် ကတုံး(ခ)ရန်နိုင်အေးနှင့် ဖြိုးဝေလင်း တို့ ၂ ဦး အရက်သောက်နေသည်ကို တွေ့ မြင်ခဲ့သည်။
ခဏအကြာတွင်ထိုနေရာမှစကားများသံ၊ဆူညံသံများကြားရသောကြောင့်ထွက်ကြည့်စဉ်ဖြိုးဝေလင်းမှကတုံး(ခ)ရန်နိုင်ဝင်း၏လည်ပင်းကိုအရာဝတ္တူတစ်ခုနှင့်ထိုးလိုက်ပြီးသွေးများထွက်လာသည်ကိုတွေ့ရမြင်ရပြီး ၄င်းတို့သွားကြည့်စဉ် ဖြိုးဝေလင်းမှာထွက်ပြေးသွားခဲ့သည်။
အဆိုပါနေရာတွင်ကတုံး(ခ)ရန်နိုင်ဝင်းမှာလည်ပင်းပြတ်ရှဒဏ်ရာရရှိထားပြီး ဆေးရုံသို့တင်ပို့ ကုခဲ့မေးမြန်းရာ ဖြိုးဝေလင်းက စကားများစဉ် အရက်ပုလင်းကိုရိုက်ခွဲကာ လည်ပင်းကိုထိုးသွားကြောင်း ပြောပြသိရပြီး ၄င်းအားဆေးရုံတင်စဥ် သေဆုံးသွားသောကြောင့် အရေးယူပေးရန်လှည်းကူးမြို့မရဲစခန်းတွင်တိုင်ကြားခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ အရက်အတူသောက်ရာက ကတုံး(ခ)ရန်နိုင်ဝင်းက လုပ်အားခငွေ ၈၀၀၀ ရခြင်းနှင့် ၁၀၀၀၀ ရရှိခြင်းတို့အပေါ် အခြေအတင်ငြင်းခုံရာက စကားများရန်ဖြစ်ခဲ့ပြီး ဖြိုးဝေလင်းမှ ကတုံး(ခ)ရန်နိုင်ဝင်းလည်ပင်းကို အရက် ပုလင်းကွဲဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီးပြစ်မှုကျူးလွန်သူဖြိုးဝေလင်း(၂၄)နှစ်ကိုလှည်းကူးမြို့မရဲစခန်းတွင် (ပ)၁၃၈၈/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုရေးဖွင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















