လသာမြို့နယ်ရှိ ဇွဲထက်စိန်ရွှေရတနာဆိုင်မှ ကျပ် ၁၂၇ သိန်းတန်ဖိုးရှိ စိန်ထည့် ပစ္စည်း ၄ မျိုးခိုးယူခဲ့သူ ၂ ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ် ၁၈ ရက်မွန်းလွဲ ၁ နာရီ ၂ဝ မိနစ် အချိန်တွင် လသာမြို့နယ် ဇွဲထက်စိန်ရွှေရတနာ ရောင်းဝယ် ရေးဆိုင်မှဦးဇော်မျိုးအောင်သည် ၄င်းဆိုင်အရောင်းမန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ် အမည်မသိအမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ဆိုင်အတွင်းဝင်ရောက်လာပြီးစိန်ရွှေရတနာပစ္စည်း(၄)မျိုးကိုကြည့်ရှုလိုကြောင်းပြောဆိုသဖြင့်ပြသခဲ့သည်။
၎င်းတိုကထိုပစ္စည်း(၄)မျိုး၏ဈေးနှုန်းအသေးစိတ်သိရှိလိုကြောင်းပြောဆိုသဖြင့်စိန်ထည်ပစ္စည်း(၄)မျိုးစုစုပေါင်းကာလတန်ဖိုး(၁၂,၆၉၀,၀၀၀)ကျပ်ကိုကောင်တာပေါ်တွင်တင်ထားခဲ့ပြီး၎င်းမှဆိုင်အတွင်းခန်းသို့ဝင်ရောက်ခဲ့သည်။
ဆိုင်အတွင်းခန်းကောင်တာသို့ပြန်လည်ရောက်ရှိစဉ်အဆိုပါအမည်မသိအမျိုးသားနှင့်အမျိုးသမီးတို့မရှိတော့သဖြင့်ဆိုင်ရှိ CCTV မှတ်တမ်းကို ကြည့်ရှုရာ ၎င်းတို့(၂)ဦး မှ ကျပ် ၁၂၇ သိန်းတန်ဖိုးရှိ စိန်ထည်ပစ္စည်း(၄)မျိုး ကို ယူဆောင်ထွက်သွားကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
လသာမြို့မရဲစခန်း(ပ)၄၀၄/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ၃၈ဝအရအမှုဖွင့်ကာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါနေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် စိန်ထည်ပစ္စည်းများခိုးယူသွားသူ မကေသွယ်အေး(၂၆ နှစ်)ကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၊တတိုင်းမွှေးလမ်းပေါ်တွင် စိန်ထည်(၄)မျိုးနှင့်အတူဖမ်းဆီးရမိခဲ့သည်။
မကေသွယ်အေးအားစစ်မေးရာ၎င်းနှင့်အတူပြစ်မှုကျူးလွန်သူမှာ မြင့်ဇော် ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းကိုဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

















