မြဝတီမြို့တွင် ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် (ice)ဟု ယူဆရသော အဖြူရောင်ပုံ ဆောင်ခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ်၁၉ရက်နံနက် ၁၁နာရီ၁၅ မိနစ်အချိန်ခန့်တွင် မြဝတီမြို့နယ် မြဝတီ-ဝေါလေ သွားကား လမ်း၊သဲဖြူးချောင်းကျေးရွာအနီးစဉ်မြဝတီမြို့ဘက်မှဝေါလေဘက်သို့မောင်းနှင်လာသော lifan အမျိုး အစား၊အဖြူရောင်(၆)ဘီးယာဉ်ကို မြဝတီခရိုင်ရဲတပ်ဖွဲ့ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း ကောင်းမြတ်ဇော်(ခ)ဖိုးကောင်း၊(၂၃)နှစ်မောင်းနှင်ပြီး ၊ယာဉ် ခေါင်းခန်းတွင် ဆန်းမင်းစိုး(၄၁)နှစ်၊ အောင်ကိုလတ်(၃၇ နှစ်)၊ ကျော်လွင်(၄၂)နှစ် တို့လိုက်ပါ လာ သည်ကိုတွေ့ရှိရပြီးယာဉ်အနောက်ခန်းတွင်နီပြာရောင်တာလပတ်စတစ်ခုဖြင့်ဖုံးအုပ်လျှက်ခြင်္သေ့(၂)ကောင်နှင့်ကမ္ဘာလုံးတံဆိပ်ပါစက္ကူအိတ် ၄ လုံး အတွင်း မှ ဘိန်းဖြူ ၃၄၅ ဂရမ်ပါ ဘလောက်တုံး ၃၉၉ တုံး အလေးချိန် ၁၃၇၆၅၅ ဂရမ်၊ဒေသတန်ဖိုးတစ်ကီလိုဂရမ်လျှင်သိန်း ၈၀၀ ဖြင့် စုစုပေါင်းတန်ဖိုး ၁၁၀,၁၂၄,၀၀၀ ကိုလည်းကောင်း၊ ပလပ်စတ်အကြည့်တောင်ဖြင့် ပတ်ထားသည့် မက်အက်ဖီတမင်း Methamphetam (ice)ဟုယူဆရသောအဖြူရောင်ပုံဆောင်ခဲ(၁)ထုပ်လျှင်(၁)ကီလိုဂရမ်ရှိအဖြူရောင်တုံးပေါင်း ၁၅၉၈ တုံး၊အလေးချိန် ၁၅၉၈ ကီလိုဂရမ်၊ ဒေသတန်ဖိုးတစ် ကီလိုဂရမ် လျှင်သိန်း (၈၀၀) နှုန်းဖြင့် စုစုပေါင်းတန်ဖိုးသိန်းပေါင်း ၁,၂၇၈,၄ဝဝ တို့ မူးယစ်ဆေးဝါး နှစ်ခုပေါင်းတန်ဖိုး ၁၁၀,၁၂၄,၀၀၀ ဖိုးခန့်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
မြဝတီမြို့မရဲစခန်းမယ(ပ)၁၁၁/၂၀၂ဝမူးစိတ်ပုဒ်မ၁၉(က)/၂၁အရအမှုရေးဖွင့် အရေးယူထားသည်။

















