မိုက်ကယ်ဂျော်ဒန်၏ ဖိနပ် လေလံတင်မှု ဒေါ်လာ ၆၁၅၀၀၀ ဖြင့် ရောင်းထွက်

မိုက်ကယ်ဂျော်ဒန်၏ ဖိနပ် လေလံတင်မှု ဒေါ်လာ ၆၁၅၀၀၀ ဖြင့် ရောင်းထွက်

ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန် အနိုင်ရသောပွဲစဉ်တစ်ခုတွင် ဝတ်ဆင်ကစားခဲ့သည့် ဖိနပ်တစ်ရံအား လေလံတင်ခဲ့ရာ စံချိန်တင်လေလံဈေး ၆၁၅၀၀၀ ဖြင့် ရောင်းထွက်ခဲ့ကြောင်း ခရစ္စတီးလေလံကုမ္ပဏီက  ထုတ်ပြန်သည်။

မကြာသေးမီတွင် ရောင်းချခဲ့သော ဖိနပ်တစ်ရံ၏ တန်ဖိုးကို ကျော်ဖြတ်ကာ စံချိန်သစ် တင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခု ရောင်းချခဲ့ရသော Air Jordan 1 Highs ဖိနပ်သည် ၁၉၈၅ ခုနှစ်တွင် အီတလီ၌ ပြုလုပ်သော ပြိုင်ပွဲအတွင်း မိုက်ကယ်ဂျော်ဒန် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ဂျော်ဒန်သည် ၁၃ ဒသမ ၅ အရွယ်အစားရှိ ယင်းဖိနပ်ကို ဝတ်ဆင်ကစားခဲ့ပြီး ယင်းပွဲစဉ်တွင် ရမှတ် ၃၀ မှတ်အထိ ရယူပေးနိုင်ခဲ့သည်။

၎င်း၏ Chicago Bulls အသင်း၏အနီနှင့် အနက်ရောင်တို့ကို ပေါင်းစပ်ထားသည့် ဖိနပ်ဖြစ်သည်။

မေလတွင် Air Jordan 1 ဖိနပ်အား ဒေါ်လာ ၅၆၀၀၀၀ ရောင်းချခဲ့မှုဖြင့် တင်ထားသည့် စံချိန်ကို ယခုရောင်းချမှုက စံချိန် ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။