ကက်ဂလီယာရီ ကစားသမားလေးဦးနှင့် ရိုးမား ကစားသမားတစ်ဦး COVID-19 Positive ဖြစ်နေ

ကက်ဂလီယာရီ ကစားသမားလေးဦးနှင့် ရိုးမား ကစားသမားတစ်ဦး COVID-19 Positive ဖြစ်နေ

စီးရီးအေကလပ် ကက်ဂလီယာရီမှကစားသမားလေးဦးနှင့် ရိုးမားမှကစားသမား တစ်ဦးမှာCOVID-19 Positive ဖြစ်နေကြောင်း အီတလီသတင်းများက ဖော်ပြ ခဲ့သည်။

ကက်ဂလီယာရီတောင်ပံကစားသမားဖြစ်သူ ဒတ်စ်ပိုဒေါ့ဗ်မှာ မွေးရပ်မြေ ဘူလ်ဂေးရီးယားသို့ အလည်အပတ်သွားရောက်ခဲ့စဉ် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး နောက် အသင်းမှအခြားကစားသမားသုံးဦးတွင် Positive တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသော ကက်ဂလီယာရီ၏ ထပ်တိုးကစားသမားသုံးဦးမှာ အီတလီ တိုက်စစ်မှူး ဆာရီ၊ အီတလီနောက်ခံလူ ဆက်ပီတယ်လီနှင့် ခရိုအေးရှားကွင်းလယ်လူ ဘရာဒါရစ်တို့ဖြစ်ကြောင်း သိရသည်။

ယင်းကစားသမားသုံးဦးမှာ လက်ရှိတွင် နေအိမ်၌ သီးခြားနေထိုင်နေရပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူနှစ်ဦးမှာလည်း သီးခြားနေထိုင်နေရသည်။

ရိုးမားအသင်းမှ အသက်(၃၇)နှစ်အရွယ် ဂိုးသမားမီရန်တီက COVID-19 Positive ဖြစ်နေကြောင်း အတည်ပြုခဲ့ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်ရန်မျှော်လင့်ကြောင်း ပြောခဲ့သည်။ ၂ဝ၂ဝ-၂၁ စီးရီးအေပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင်စတင်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ဗိုင်းရပ်စ်ကူးစက်မှုများရှိနေခြင်းဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး