ဗီယက်နမ်တွင် COVID-19 ကူးစက်သူ ၁၀၀၀ ကျော်ရှိနေ

ဗီယက်နမ်တွင် COVID-19 ကူးစက်သူ ၁၀၀၀ ကျော်ရှိနေ

ဟနွိုင်း သြဂုတ် ၂၁ - ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၂၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၄ ဦးရှိခဲ့ပြီးနောက် စုစုပေါင်းကူးစက်သူ ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စုစုပေါင်း ကူးစက်သူအားလုံး၏ ထက်ဝက်ကျော်သည် ပြီးခဲ့သည့်လတွင် ကူးစက်မှုများ စတင်ခဲ့သော နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့နှင့် ဆက်စပ်မှုများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်တွင် COVID-19 ကူးစက်သူ ၁၀၀၇ ဦးရှိပြီး ၂၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အစောပိုင်း ကူးစက်မှုများကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည့်အားလျော်စွာ ဒေသတွင်းနိုင်ငံများအနက် COVID-19 ဒဏ်ကို အနည်းဆုံးခံရသည့် နိုင်ငံများတွင် ပါဝင်နေသည်။ လက်ရှိတွင် သီးခြားထားရှိစောင့်ကြည့်မှုဖြင့် နေထိုင်နေရသူ ၈၈၆၄၄ ဦးရှိပြီး အများစုမှာ နေအိမ်မှာပင် သီးခြားနေထိုင်နေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် COVID-19 ပြည်တွင်းကူးစက်မှု ၉၉ ရက်ကြာ မရှိခဲ့ပြီးနောက် ဒါနန်းမြို့၌ ကူးစက်မှုပြန်ရှိလာခြင်းဖြစ်သည်။ ဗီယက်နမ်တွင် COVID-19 ကူးစက်ခံရပြီးနောက် ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံ မှ ဆင်းခွင့်ရသူ ၅၅၃ ဦး ရှိနေပြီဖြစ်ကြောင်း Asean Breifing ဝက်ဘ်ဆိုက်က က သြဂုတ် ၂၀ တွင် ဖော်ပြခဲ့သည်။ အေပီ