၂ဝ၂ဝ-၂၁ ရာသီသစ် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားကို သြဂုတ် ၂ဝ ရက်ကထုတ် ပြန်ခဲ့ရာ အာဆင်နယ်အသင်းမှာ ရာသီ အစ၌ပင် ပွဲကျပ်များကစားရမည်ဖြစ်ကြောင်း စကိုင်းစပို့တ်က ဖော်ပြခဲ့သည်။
အာဆင်နယ်သည် လာမည့်စက်တင် ဘာ ၁၂ ရက်တွင် အဖွင့်ပွဲအဖြစ် ဖူလ်ဟမ် နှင့်အဝေးကွင်းကစားရမည်ဖြစ်ပြီး စက်တင် ဘာ ၁၉ ရက်၌ -ဝက်စ်ဟမ်းအား လက်ခံ ကစားရမည်ဖြစ်ကြောင်း သိရသည်။ အာဆင် နယ်သည် ပွဲစဉ်(၃)မှ ပွဲစဉ်(၇)အထိ ပွဲကျပ် များကစားရမည်ဖြစ်ရာ လီဗာပူး၊ မန်စီးတီး၊ မန်ယူတို့နှင့် အဝေးကွင်းပွဲများ ဆက်တိုက် ကစားရမည်ဟု စကိုင်းစပို့တ်က ဆိုသည်။ အာဆင်နယ်သည် စက်တင်ဘာ ၂၆ ရက်၌ အန်ဖီးလ်သို့ သွားရောက်ကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၃ ရက်တွင် ရှက်ဖီးလ်ယူ နိုက်တက်အား လက်ခံကစားရမည်ဖြစ်သည်။
ထို့နောက် အာဆင်နယ်သည် မန်စီးတီး (အောက်တိုဘာ ၁၇)၊ လက်စတာ (အောက် တိုဘာ ၂၄)၊ မန်ယူ (အောက်တိုဘာ ၃၁)တို့နှင့် ကစားရန်ရှိနေသည်။ အာဆင်နယ် သည် ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်း နှင့် နောက်ဆုံး ပရီးမီးယားလိဂ်အဝေးကွင်း ၂၅ ပွဲကစား ခဲ့ရာ နိုင်ပွဲပျောက်ဆုံးခဲ့၍ လီဗာ ပူး၊ မန်စီးတီး၊ မန်ယူတို့နှင့် တွေ့ဆုံနေရာ နည်းပြအာတီတာအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
အာဆင်နယ်သည် ပွဲစဉ်(၁၁)အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် စပါးနှင့် မြောက်လန် ဒန်ဒါဘီပွဲကစားမည်ဖြစ်ပြီး ရာသီသိမ်းပွဲကို ၂ဝ၂၁ ခုနှစ် မေ ၂၃ ရက်၌ ဘရိုက်တန်နှင့် ကစားရမည်ဖြစ်သည်။
အာဆင်နယ်သည် ၂ဝ၁၉-၂ဝ ပရီးမီး ယားလိဂ်တွင် အဆင့်(၈)သာရခဲ့ပြီး အက်ဖ် အေဖလားကိုမူ စံချိန်တင်ပိုင်ဆိုင်ခဲ့သည်။ အာဆင်နယ်သည် အပြောင်းအရွှေ့အတွင်း ချယ်ဆီးလ်မှ ဝီလျံနှင့် ဆောက်သမ်တန်မှ ဆိုအာရက်စ်တို့ကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူထားသည်။















