အီတလီစီးရီးအေနှင့် စီးရီးဘီ၌ COVID-19 Positive ကစားသမားများ တွေ့ရှိဟုဆို

အီတလီစီးရီးအေနှင့် စီးရီးဘီ၌ COVID-19 Positive ကစားသမားများ တွေ့ရှိဟုဆို

အီတလီစီးရီးအေနှင့် စီးရီးဘီ၌ COVID-19 Positive ကစားသမား များ တွေ့ရှိဟု Football Italia က ဖော်ပြခဲ့ကြောင်း သိရသည်။ စီးရီးအေ သည် ရာသီသစ်ကို လာမည့် စက်တင် ဘာ ၁၉ ရက်တွင် စတင်ရန် စီစဉ်ထား သည့်အချိန် ရိုးမားဂိုးသမား မီရန်တီ နှင့် ကက်ဂလီယာရီ ကစားသမားလေး ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရပြီးနောက် ယခုအခါ တိုရီနို၊ နာပိုလီ ဆက်ဆူအိုလိုနှင့် စီးရီးဘီကလပ် ဘရက်ရှား၌ COVID-19 ကူးစက်မှု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တိုရီနိုအသင်းသည် ဘောလုံးရာ သီသစ်အတွက် ပြင်ဆင်မှုမပြုလုပ်မီ COVID-19 စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကစားသမားနှစ်ဦး Positive ပြခဲ့ ကြောင်း ကလပ်ဝက်ဘ်ဆိုက်ဒ်မှ ထုတ် ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ထိနေသော တို ရီနိုကစားသမားနှစ်ဦးမှာ သီးခြားနေ ထိုင်ရဟု သိရပြီး ၎င်းတို့နှင့်အနီးကပ် ထိတွေ့မှုရှိခဲ့သော အခြားကစားသမား သုံးဦးကိုလည်း သီးခြားစောင့်ကြည့်နေ ရသည်။

နာပိုလီတိုက်စစ်မှူးတစ်ဦးဖြစ်သူ ပီတက်နာမှာ COVID-19 Positive ဖြစ်နေ၍ နေအိမ်၌ ကွာရာတင်းဝင်နေ ရပြီး Negative ပြမှသာ အသင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း ကလပ်မှ ဆိုခဲ့သည်။ ပီတက်နာ၏ အစ်ကိုဖြစ်သူမှာ ဗိုင်းရပ်စ်ထိခဲ့ပြီးနောက် ပီတက်နာကိုယ်တိုင် ကူးစက်ခံရခြင်း ဖြစ်သည်။ အသက်(၂၃)နှစ်အရွယ် အိုင်ဗရီကို့စ် တိုက်စစ်မှူးဘိုဂါမှာ COVID-19 Positive ဖြစ်နေကြောင်း ဆက်ဆူအိုလိုက ထုတ်ပြန်ခဲ့သည်။

ဘရက်ရှားကစားသမားတစ်ဦးမှာ လည်း ဆာဒီနီရာမှ အလည်အပတ် ပြန်လာပြီးနောက် ဗိုင်းရပ်စ်စစ်ခဲ့ရာ ရောဂါကူးစက်ခံထားရကြောင်း ဂျော် နယ်လီဒီဘရက်ရှားသတင်းစာက ဖော်ပြခဲ့သည်။ အီတလီ၌ သြဂုတ် ၂၁ ရက်အထိ COVID-19 ကူးစက် သူ နှစ်သိန်းကျော်ရှိနေပြီး သုံးသောင်း ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး