မတ္တရာမြို့နယ်တွင်တစ်ရွာတည်းသားချင်း ရန်ငြိုးထားကာ ဓားဖြင့်ခုတ် သတ်ခဲ့ သည်ဆိုမှုကို ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ကြောင်း ဩဂုတ် ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဩဂုတ် ၈ ရက်ည ၈ နာရီအချိန် ခန့်တွင် ၊ပြင်ဦးလွင်ခရိုင်၊မတ္တရာမြို့မနေ ဦးအောင်မြ နေအိမ်တွင်ရှိနေစဉ်တစ်ရွာထဲနေမြတ်စောလွင်သည်နေအိမ်သို့ရောက်ရှိလာပြီးသီလကုန်းကျေးရွာ၏အနောက်ဘက်သင်္ချိုင်ကုန်းအနီးဦးတင်ဝင်းပိုင်အုန်းခြံထဲတွင် ၎င်းတို့သားဖြစ်သူ သီဟအောင်မှာအရက်မူးလွန်ပြီးအိပ်ပျော်နေကြောင်း နှိုးခေါ်သော်လည်းမနှိုးဘဲ ၎င်းကိုခြေထောက်ဖြင့်ပြန်ကန်ကြောင်းလာရောက်အကြောင်းကြားသဖြင့်ဇနီးဖြစ်သူဒေါ်ရင်ရင်ကို သီဟအောင်အားနေအိမ်သို့ခေါ်ဆောင်လာရန်အတွက်စေလွတ်ခဲ့သည်။
ဇနီးဒေါ်ရင်ရင်က မြတ်စောလွင်နှင့်အတူ ဦးတင်ဝင်းပိုင် အုန်းခြံထဲသို့သွား ရောက်ခေါ်ယူချိန်တွင် သားဖြစ်သူ သီဟအောင်မှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းပြောပြသိရှိရသဖြင့်သားဖြစ်သူသီဟအောင်ကိုဓါးဖြင့်ခုတ်သတ်သူကိုအရေးယူပေးပါရန် မတ္တရာမြို့မရဲစခန်းတွင်တိုင်ကြားခဲ့သည်။မတ္တရာမြို့မရဲစခန်းက(ပ)၂၉၅/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ဒုရဲမှုးပြေဦးက စုံစမ်းခဲ့သည်။
သီဟအောင်သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းချက်အရ ဩဂုတ် ၁၆ ရက်နံနက်ပိုင်းတွင်အမှုဖြင့်မသင်္ကာသူ တစ်ရွာထဲနေ ကျော်မြင့်ထွန်း (၄၄)နှစ်၊ အားဖမ်းဆီးစစ်ဆေးခဲ့သည်။အမှုနှင့်ပတ်သက်၍ ကျော်မြင့်ထွန်းကိုစစ်ဆေးရာ ၂၀၁၆ ခုနှစ် မတ်လ၂၃ ရက်နေ့တွင်သေဆုံးသူသီဟအောင်သည်ကျော်မြင့်ထွန်းနှင့်အိမ်နီးချင်းနေသူ မအေးတင့်၏နေအိမ်သို့ ညအချိန်ပုန်းလျှိုးအိမ်ကျော်နင်းဝင်ရောက်ခဲ့ပြီး မအေးတင့်ကိုဓါးမြှောင်ဖြင့်ထိုးသောကြောင့် သူမကပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း၊ကျော်မြင့်ထွန်းမှမအေးတင့်၏နေအိမ်သို့သွားရောက်၍သီဟအောင်ကို ဖမ်းဆီးကာ ရဲစခန်းသို့ပို့အပ်ခဲ့ကြောင်း၊သီဟအောင်ကို မတ္တရာမြို့မရဲစခန်း(ပ)၆၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၄၅၆/၃၂၆ အရ အမှုဖွင့်တရားစွဲတင်ပို့ခဲ့ရာမတ္တရာမြို့နယ်တရားရုံးမှထောင်ဒဏ်(၇)နှစ်ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ထို့နောက် သီဟအောင် မန္တလေးဗဟိုအကျဉ်းထောင်မှယခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာခဲ့ပြီး အဆိုပါကိစ္စကိုမကျေနပ်၍ ကျော်မြင့်ထွန်းကိုရန်ငြိုးဖွဲ့ကာ ၎င်း၏နေအိမ်သို့လွန်ခဲ့သောတစ်လခန့်ကပုန်းလျှိုဝင်ရောက်ပြီးကျော်မြင့်ထွန်းကိုတုတ်ဖြင့်ရိုက်၍၎င်းမှာဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ကျော်မြင့်ထွန်းက သီဟအောင်ကို ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်း၊သီဟအောင်ကို၎င်းမှမသတ်ပါကသီဟအောင်ကိုထပ်မံ၍သေကြောင်းကြံလာမည်ကိုစိုးရိမ်နေရသဖြင့်အရက်မူးအိပ်ပျော်နေစဉ်ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်း၀န်ခံပေါ်ပေါက်ခဲ့သည်။ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု သည့်ဓါးကိုနေအိမ်အနောက်ဘက်ရှိရေမြောင်းထဲတွင်မြေမြုပ်ဝှက်ထားခဲ့ကြောင်းထွက်ဆိုသဖြင့်သိမ်းဆည်းကာပြစ်မှုကျူးလွန်သူကျော်မြင့်ထွန်းကိုမတ္တရာမြို့မရဲစခန်းကဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

















