ပေါ်တူဂီနိုင်ငံ လစ္စဘွန်း၌ ယှဉ်ပြိုင်မည့် ပီအက်စ် ဂျီနှင့် ဘိုင်ယန်မြူးနစ်တို့၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အီတလီဒိုင်လူကြီး အော်ဆာတို ကိုင်တွယ်မည်ဖြစ် ကြောင်း ယူအီးအက်ဖ်အေဒိုင်ကော်မတီက ထုတ်ပြန်ခဲ့ သည်။
အသက်(၄၄)နှစ်အရွယ် အီတလီဒိုင် အော်ဆာတို သည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ပီအက်စ်ဂျီနှင့် ဘိုင်ယန် တို့၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အော်ဆာတိုအတွက် ပထမဆုံးကိုင်တွယ်ရသော ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ဖြစ်နေသည်။
၎င်းသည် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ရှစ်ပွဲတာဝန်ယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီးတို့ကစား ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲကို ကိုင်တွယ်ခဲ့ရသည်။
အော်ဆာတိုသည် ယခုနှစ် ယူရိုပါလိဂ် ပြိုင်ပွဲ၌ ဆီဗီလာနှင့် ဝုလ်ဗာဟမ်တန်တို့၏ ကွာတားဖိုင်နယ် ပွဲကိုတာဝန်ယူခဲ့သည်။ ထု့ိပြင် အော်ဆာတိုသည် ၂ဝ၁၈-၁၉ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စတုတ္ထဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။















