လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကိုခေါ်ယူရန် ချယ်လ်ဆီး အလွန်နီးစပ်နေဟုဆို

လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကိုခေါ်ယူရန် ချယ်လ်ဆီး အလွန်နီးစပ်နေဟုဆို

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၅ဝ ဖြင့်ခေါ်ယူရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးနည်းပြလမ်းပတ်သည် အင်္ဂလန် ကစားသမားလည်းဖြစ်သူ အသက်(၂၃)နှစ်အရွယ် ချီဝဲလ်ကိုခေါ်ယူနိုင်ရန် အစော ပိုင်းကတည်းက ပစ်မှတ်ထားခဲ့သည်။ လက်စတာအကယ်ဒမီထွက် ချီဝဲလ်သည် ၂ဝ၁၅ ခုနှစ်မှစတင်၍ လက်ရှိအထိ လက်စတာ၌ ပါဝင်ကစားနေသူဖြစ်သည်။

လက်စတာနည်းပြရော်ဂျာက ချီဝဲလ်ကိုရောင်းချရန် အစီအစဉ်မရှိကြောင်း ပြောကြား ခဲ့ဖူးသော်လည်း လက်ရှိတွင် အပြောင်းအရွှေ့မှာ လာမည့်အပတ်အတွင်း အကောင် အထည်ပေါ်လာမည်ဖြစ်သည်။

ဝဲလ်သည် လက်စတာနှင့်စာချုပ်အရ လာမည့် ၂ဝ၂၄ ခုနှစ်အထိ သက်တမ်း ရှိနေသည်။ ၎င်းသည် ၂ဝ၁၉-၂ဝ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ၂၇ ပွဲကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားခဲ့သူဖြစ်သည်။ ချယ်လ်ဆီးသည် အပြောင်းအရွှေ့အတွင်း လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာနှင့် အေဂျက် တောင်ပံကစားသမား ဇီယက်ချ်တို့ကို ခေါ်ယူထားပြီးဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး