ယူရိုပါလိဂ်ချန်ပီယံဆုကို ခြောက်ကြိမ်မြောက်အဖြစ် ဆီဗီလာသိမ်းပိုက် ဆီဗီလာအသင်းနည်းပြ လိုပက်တီဂူ ဝမ်းသာမျက်ရည်ကျ

ယူရိုပါလိဂ်ချန်ပီယံဆုကို ခြောက်ကြိမ်မြောက်အဖြစ် ဆီဗီလာသိမ်းပိုက် ဆီဗီလာအသင်းနည်းပြ လိုပက်တီဂူ ဝမ်းသာမျက်ရည်ကျ

သြဂုတ် ၂၁ ရက်က ဂျာမနီနိုင်ငံ ကိုလုံး တွင် ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဆီဗီလာ နှင့် အင်တာမီလန်တို့ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်သော ဆီဗီလာ က သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရခဲ့သောကြောင့် ယူရိုပါလိဂ်ဆုကို စံချိန်တင် ခြောက်ကြိမ် မြောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အင်တာမီလန်သည် ၃-၅-၂ ကစား ကွက်ဖြင့် ရင်ဆိုင်ခဲ့ပြီး ဆီဗီလာနည်းပြ လိုပက်တီဂူမှာ ၄-၃-၃ ကစားကွက်ကိုအသုံး ပြုခဲ့သည်။ ပွဲချိန်ငါးမိနစ်၌ပင် ဒီယေဂိုကား လို့စ်က ပင်နယ်တီဧရိယာအတွင်း လူကာ ကူကို ဖျက်ထုတ်ပုံကြမ်းခဲ့၍ အင်တာမီလန် ပင်နယ်တီရခဲ့ပြီး လူကာကူကပင် သွင်းယူ ခဲ့သည်။

ဆီဗီလာတိုက်စစ်မှူး ဒီဂျောင်မှာ ခြေစွမ်းပြခဲ့ပြီး ပွဲချိန် ၁၂ မိနစ်တွင် နာဗက်စ် ၏ဖြတ်တင်ဘောမှတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့သည်။ ၎င်းသည် ၃၃ မိနစ်၌လည်း ဘာနီဂါ၏ ဖန်တီးပေးမှုတစ်ဆင့် ဒုတိယဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် အင် တာမီလန်အတွက် ဂိုဒင်က ပြန်လည်ချေပ ခဲ့၍ နှစ်ဂိုးစီသရေကျခဲ့သည်။

အင်တာမီလန်တိုက်စစ်မှူး လူကာကူ သည် ဟီးရိုးမှ ဇီးရိုးဖြစ်ခဲ့ရပြီး ပွဲချိန် ၇၄ မိနစ်၌ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သည်။ ပွဲ ရလဒ်မပြောင်းခဲ့၍ ဆီဗီလာသည် သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရကာ အသင်းသမိုင်းတစ် လျှောက် ခြောက်ကြိမ်မြောက် ယူရိုပါလိဂ် ဆုဖလားဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

အသက်(၅၃)နှစ်အရွယ် နည်းပြလိုပက် တီဂူသည် ယူရိုပါလိဂ်ဖလားကို ပိုင်ဆိုင် ခဲ့ပြီးနောက် ဝမ်းသာမျက်ရည်ကျခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။ လိုပက် တီဂူသည် ၂ဝ၁၈ ခုနှစ်က ကမ္ဘာ့ဖလား မကျင်းပမီနှစ်ရက်အလို၌ စပိန်နည်းပြအဖြစ် မှ ဖယ်ရှားခြင်းခံခဲ့ရသူဖြစ်သည်။ ထို့နောက် ၎င်းသည် ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိခဲ့ သော်လည်း လေးလသာနည်းပြခဲ့ရပြီး ထုတ် ပယ်ခံခဲ့ရသူဖြစ်သည်။ လိုပက်တီဂူသည် ယခုအခါ ဆီဗီလာနှင့် ပထမရာသီ၌ပင် ယူရိုပါလိဂ်ဖလားဆွတ်ခူးရရှိရန် စွမ်းဆောင် ပေးခဲ့သည်။

လိုပက်တီဂူသည် ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်က ဆီဗီလာနည်းပြဖြစ်လာခဲ့သူဖြစ် သည်။ ၎င်းတို့အသင်းမှာ ဘယ်တော့မှ အရှုံးမပေးသည့်အသင်းဖြစ်ကြောင်း နည်းပြ လိုပက်တီဂူက ပြောသည်။ ဆီဗီလာသည် ယူရိုပါလိဂ်ချန်ပီယံဆုကို ၂ဝဝ၆၊ ၂ဝဝ၇၊ ၂ဝ၁၄၊ ၂ဝ၁၅၊ ၂ဝ၁၆ နှင့် ၂ဝ၂ဝ ပြည့်နှစ် တွင် ဆွတ်ခူးရရှိခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး