COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ Heo Dong Won

COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ Heo Dong Won

"The King: Eternal Monarch" နဲ့ "When the Camellia Blooms" ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ် ဆောင်ခဲ့တဲ့ မင်းသား Heo Dong Won က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ Heo Dong Won ရဲ့ "Jjamppong" ပြဇာတ်ထဲကသရုပ်ဆောင်တစ်ယောက်မှာ ရောဂါပိုးအရင်တွေ့ရှိခဲ့တာဖြစ်ပြီး သူနဲ့ ထိတွေ့မိခဲ့တဲ့ Heo Dong Won ကို ဆေးစစ်ရာမှာ Heo Dong Won မှာပါ ရောဂါပိုးတွေ့ရှိခဲရတာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ Heo Dong Won ကို ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာကို လွှဲပြောင်းထားပြီး လိုအပ်တဲ့ဆေးကုသမှုတွေပြုလုပ်ပေးနေပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီ Ace Factory ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ Heo Dong Won ရဲ့ မန်နေဂျာကို ဆေးစစ်ကြည့်ရာမှာ တော့ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။ Heo Dong Won ဟာ မကြာခင်မှာ ထုတ်လွှင့်ပြသတော့မယ့် "Do Do Sol Sol La La Sol" ဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်နေတာကြောင့် ဇာတ်ကားရဲ့တာဝန်ရှိသူက ကျန်တဲ့သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။

ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အထိ ရိုက်ကူးရေးကိုရပ်ဆိုင်းထားမှာဖြစ်ပြီး ထုတ်လွှင့်ပြသမယ့်ရက်ကိုပါ ရွှေ့ဆိုင်းမယ်လို့ဆိုပါတယ်။ "Do Do Sol Sol La La Sol" ဇာတ်ကားကို မူလက သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ပြသဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး