ကောက်စိုက်သမ ၃၀ ဦးလိုက်ပါလာသည့်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား တစ်ဦးသေ  ၂၇ ဦးဒဏ်ရာရ

ကောက်စိုက်သမ ၃၀ ဦးလိုက်ပါလာသည့်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား တစ်ဦးသေ  ၂၇ ဦးဒဏ်ရာရ

ခင်ဦးမြို့နယ်တွင် ကောက်စိုက်သမ ၃၀ ဦးလိုက်ပါလာသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကာ တစ်ဦးသေ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် ခင်ဦးမြို့နယ် ဂွေးကုန်းကျေးရွာ အနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်းသတင်းအရ မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးဇော်ဆွေနှင့်တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါယာဉ်ကို ၊သာဝတ္ထိကျေးရွာနေဇာနည်(၃၂)နှစ်မောင်းနှင်ပြီးဂွေးကုန်းကျေးရွာမှကောက်စိုက်ပြီးပြန်လာသည့် အမျိုးသမီး(၃၀)ဦးကို တင်ဆောင်ကာသာဝတ္ထိကျေးရွာသို့မောင်းနှင်လာစဉ် ခင်ဦးရေဦးကားလမ်းမိုင်တိုင်အမှတ်(၉/၅)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းဝဲဘက်ခြမ်းသို့ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သာဝတ္ထိကျေးရွာ မမြတင်ဇာလွင်(၂၀)နှစ်မှာနေရာတွင်သေဆုံးပြီးမဇင်(၄၀)နှစ်မသင်း(၃၅)နှစ် ပါတို့(၂၇)ဦးမှာပြင်းထန် ပွန်းပဲ့နာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့ကြသည်။

ဒဏ်ရာရရှိသူများကို ခင်ဦးပြည်သူ့ဆေးရုံးမှရွှေဘိုပြည်သူ့ဆေးရုံးနှင့်မန္တလေးပြည်သူဆေးရုံးသို့ပို့ဆောင်၍ အတွင်းလူနာအဖြစ် ကုသခဲ့ရပြီး ယာဉ်မောင်း ဇာနည် ကို ခင်ဦးမြို့မရဲစခန်းက ယာဉ်(ပ)၁၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈/၃၀၄ -က အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။