ချေးယူထားသည့် ဆန်ပြန်တောင်းရာကကြိမ်းမောင်းဆဲဆိုခဲ့သောကြောင့် ဒေါသထွက်ကာ ဓားမဖြင့်ခုတ်သတ်

ချေးယူထားသည့် ဆန်ပြန်တောင်းရာကကြိမ်းမောင်းဆဲဆိုခဲ့သောကြောင့် ဒေါသထွက်ကာ ဓားမဖြင့်ခုတ်သတ်

မိုင်းဆတ်မြို့တွင် ချေးယူထားသည့် ဆန်ပြန်တောင်းရာကကြိမ်းမောင်းဆဲဆိုခဲ့သောကြောင့် ဒေါသထွက်ကာ ဓားမဖြင့်ခုတ်သတ်ထွက်ပြေးသူကိုဖမ်းဆီးအရေးယူထားကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဩဂုတ်၂၀ ရက်ည၇နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့နယ်ကျတီကျေးရွာအုပ်စု၊ (၁၈)မိုင်ကျေးရွာတွင်စကားများရန်ဖြစ်ရာကဓားခုတ်မှုဖြစ်ပွားရာ သေဆုံးကြောင်း သတင်းအရစခန်းမှုး ဒုရဲမှုးတင်မောင်ဌေးနှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။အဆိုပါနေရာတွင် သေဆုံးသူမှာ ဦးကျဖူ(၅၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး သေဆုံးသူ၏လည်ဂုတ်ပိုးတွင်ပြတ်ရှဒဏ်ရာနှင့်သေဆုံးနေသည်ကိုတွေ့ရသည်။

စုံစမ်းချက်အရ မိုင်းဆတ်မြို့နယ်၊ (၁၈)မိုင်ကျေးရွာရှိနေကျတိ(၂၂)နှစ်နှင့် အတူနေသည့်ဦးကျဖူ က ဩဂုတ် ၊၂၀ရက်ညနေ၄နာရီ၁၀မိနစ်ကအိမ်ရှေ့ခန်းမီးဖိုတွင်မီးလှုံနေစဉ်အိမ်ရှင်ကျတိ၏အစ်ကိုဖြစ်သူကျဖူလွဲ(၂၅)နှစ်ဆိုသူရောက်ရှိလာပြီးဆန်တောင်းသည့် ကိစ္စ မကျေနပ်၍စကားများရာမှ ဦးကျဖူ၏လည်ဂုတ်ကိုနောက်ကျောဘက်မှအရိုး(၁၀)လက္မ၊အသွား(၈)လက္မခန့်ရှိထင်းခုတ်ဓားဖြင့်ခုတ်၍ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိုင်းဆတ်မြို့မရဲစခန်း(ပ)၈၄/၂၀၂၀ရာဇသတ်ကြီးပုဒ်မ၃၀၂ အရ အမှုရေးဖွင့်ကာအမှုစစ်ဒုရဲမှုးတင်မောင်ဌေးနှင့်အဖွဲ့ကပြစ်မှူကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကျဖူလွဲ ကို ဩဂုတ် ၂၁ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်တွင် (၁၈)မိုင်ကျေးရွာ အနောက်ဘက်တောထဲတွင် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ထင်းခုတ်ဓား အရိုးအသွား ၁၈ လက်မခွဲနှင့်အတူဖမ်းဆီးရမိခဲ့သည်။

၎င်းကို စစ်ဆေးချက်အရ သေဆုံးသူဦးကျဖူထံကဆန်ချေးယူခဲ့ကြောင်းအလုပ်အကိုင်အဆင်မပြေချိန်သေဆုံးသူက၎င်းထံမှဆန်ကိုတောင်းယူခဲ့ရာမစကားများရန်ဖြစ်ကြကြောင်း၎င်းကိုကြိမ်းမောင်းဆဲဆိုခဲ့သောကြောင့်စိတ်ဆိုးဒေါသထွက်ကာဓားမနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။>