သောင်းကျန်းခဲ့ကြသည့် ပီအက်စ်ဂျီအသင်းပရိသတ် ၁၄၈ ဦး ဖမ်းဆီးခံရ

သောင်းကျန်းခဲ့ကြသည့် ပီအက်စ်ဂျီအသင်းပရိသတ် ၁၄၈ ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၃ ရက်က ပီအက်စ်ဂျီ ကွင်း၌ စုရုံးကာ ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအားပေးခဲ့ကြသော ပီအက်စ်ဂျီ ပရိသတ် ၅ဝဝဝ ခန့်သည် ရှုံးပွဲကြုံခဲ့ပြီး နောက် သောင်းကျန်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် များနှင့် ထိပ်တိုက်တွေ့ပြီး ပရိသတ် ၁၄၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည် ချန်ပီယံ လိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုမျှော် မှန်းခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အရှုံးပေးခဲ့ရသည်။

ပြင်သစ်၌ COVID-19 ကူးစက်မှုများ ရှိနေသော်လည်း ပရိသတ်များမှာ ၎င်းတို့အသင်း၏ ဗိုလ်လုပွဲကို စိတ် လိုက်မာန်ပါ အားပေးခဲ့ခြင်းဖြစ်သည်။

ဒေါသထွက်နေသော ပရိသတ်များမှာ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ ပြတင်းပေါက် မှန်များကို ရိုက်ခွဲကာ ကားမီးရှို့ဖျက်ဆီး ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် မီးကျည်များ ကိုင်ဆောင်ထားသော ပရိသတ်များ ကို မျက်ရည်ယိုဗုံးသုံး၍ လူစုခွဲခဲ့ရသည်။

''ပထမပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ရောက်တော့ အစောပိုင်းမိနစ် ၂ဝ မှာ ခြေစွမ်းကျဆင်းခဲ့တာကြောင့် ကျွန်တော်တို့ ပေးဆပ်လိုက်ရတယ်''ဟု ပီအက်စ်ဂျီပရိသတ်တစ်ဦးက ပြောသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး