ကမ္ဘာ့စံချိန်တင်နှင့် အိုလံပစ်ရွှေတံဆိပ် ရှစ်ကြိမ်ပိုင်ဆိုင်ခဲ့သော ဂျမေကာနာမည်ကျော် တာတိုအပြေးဘုရင် အူစိန်ဘော့သည် ¤င်း၏ မွေးနေ့ပါတီပွဲကို လူစုလူဝေးဖြင့် ပြုလုပ်ခဲ့ပြီး နောက် COVID-19 Positive ဖြစ်နေ ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
အသက် ၃၄ နှစ်အရွယ် အူစိန်ဘော့ သည် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်က ဂျမေ ကာ၌ပင် မွေးနေ့ပါတီပွဲကို လူစုလူဝေးဖြင့် ကျင်းပခဲ့ပြီး ပါတီပွဲတက်ရောက်ခဲ့သူများ မှာလည်း Mask လုံး-ဝမတပ်ဘဲ ပါဝင်ခဲ့ကြ သည်။ မွေးနေ့သို့ လာရောက်သူများမှာ ဂျမေကာရက်ဂေးအဆိုတော် ကော့ဖီး၏ Lockdown သီချင်းဖြင့် ကခုန်ခဲ့ကြပြီး မွေးနေ့ ရှင် အူစိန်ဘော့မှာလည်း ဆင်နွှဲခဲ့သည်။
အူစိန်ဘော့က ၎င်းအနေဖြင့် ဗိုင်းရပ်စ် ပိုးရှိ၊ မရှိကို အဖြေစောင့်ဆိုင်းနေရကြောင်း တွစ်တာ၌ ဗီဒီယိုဖိုင်တင်ခဲ့ပြီးနောက် ၎င်းတွင် Positive ဖြစ်နေကြောင်း ဂျမေကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ COVID-19 လက္ခဏာမပြဘဲ ဗိုင်းရပ်စ် ဖြစ်နေခြင်းဖြစ်ကြောင်း Quarantine ဝင်နေ ရသော အူစိန်ဘော့က ပြောသည်။ အူစိန် ဘော့အမြန်ဆုံးနေကောင်းရန် ပရိသတ်များက ဆုတောင်းပေးခဲ့ပြီး အချို့ပရိသတ်များကမူ ပေါ့ဆမှုအပေါ် အပြစ်တင်နေကြသည်။
အူစိန်ဘော့၏ မွေးနေ့ပါတီပွဲသို့ အားကစား သမားအချို့နှင့် မိတ်ဆွေသူငယ်ချင်းများ တက်ရောက်ခဲ့ရာ အင်္ဂလန်နှင့် မန်စီးတီး တောင်ပံတိုက်စစ်မှူး စတာလင်း ပါဝင်ခဲ့ ကြောင်း သိရသည်။ စတာလင်းသည် လက်ရှိ တွင် အင်္ဂလန်အသင်းနှင့် မပူးပေါင်းမီ COVID-19 စစ်ဆေးရမည်ဖြစ်သည်
ဘောလုံးအားကစားနည်းကို ဝါသနာ ထုံသူ အူစိန်ဘော့သည် တာတိုအပြေးဘုရင် အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ်က ကစားသမားဘဝမှ အနားယူ ခဲ့သူဖြစ်သည်။ ¤င်းသည် နှစ်ပေါင်းများစွာတွဲ လာခဲ့သော ကာစီဘန်နက်နှင့် လက်တွဲခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် မေ ၁၇ ရက်က သမီးဦး ပိုင်ဆိုင်ခဲ့သည်။
ဂျမေကာနိုင်ငံ၌ သြဂုတ် ၂၅ ရက်အထိ COVID-19 ကူးစက်သူ ၁၆ဝဝ ကျော်ရှိနေပြီး ၁၆ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။















